Wednesday, April 3, 2013

နင်သာရှိရင်

ရေး - 9 One
ဆို - 9 One, Gay Gae

(ငါ့အနားမှာ နင်သာရှိရင် အရာရာစွန်.လွှတ်နိုင်သွားပီ...
ကျန်တာ ငါ့အတွက် ဘာမှထပ်မလိုတော့ဘူးကွယ်...
နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်ဆီ...
ငါလေ ပြေးထွက်လို.သွားချင်...
လူတွေအားလုံးရဲ.အဝေးဆုံးနေရာတစ်ခုဆီ...)2

ငါ့ကိုစွဲလမ်းတတ်အောင်လုပ်ယူတတ်ပီး...ချစ်တတ်လာအောင် လုပ်ယူ...မျက်ရည်လေးတွေဝဲပီးခွင့်လွှတ်လာအောင်လုပ်သူ...
နင်အရမ်းဆိုးတယ်နော်...ငါကလဲ ချစ်နေတုန်း...ဘယ်သူဘာပြောပြော နင်မှနင်ပဲ ဖစ်နေတုန်း...
ကိုယ့်ကိုကိုယ် အံ့သြမိပါတယ်...နင့်အပြောလေးတွေ အောက်မှာ ငါမျောမိပါတယ်..
အမြင်မတော်တာလေးတွေများရှိရင် ပြောကြည့်ပါတယ်...နင်မကြိုက်ဘူး...OK...sryပါပဲ...
ရန်တွေဖစ်လိုက်...ပြသနာတွေတက်လိုက်...နောက်ဆုံးမပြတ်နိုင်တော့လဲ ပြန်အဆင်ပြေသွားလိုက်...
တစ်ခါတစ်လေ နင့်အကြိုက်...တစ်ခါတစ်လေ ငါ့အကြိုက်...
ဘယ်သူမှ ၀င်ပြောစရာမလိုဘူး...၂ယောက်တည်း လက်ဖ၀ါးရိုက်...
shake လိုက်...ငါတို.အဆင်ပြေနေရင်ပီးရော...
ဘယ်သွားမယ်...ဘာလုပ်မယ်...မင်းရဲ.သဘောပါ မင်းပြော...
နင်ငါ့အပေါ်ကြိုက်သလိုဆိုးပါစေ...ချစ်ဆဲ ထိုအတွက်လဲ...
နင်သိပ်ကြိုက်တဲ့ သီချင်းလို တကယ်ဆို အချစ်ပဲလိုအပ်တယ်...

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန်.လွှတ်နိုင်သွားပီ...
ကျန်တာ ငါ့အတွက် ဘာမှထပ်မလိုတော့ဘူးကွယ်...
နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်ဆီ...
ငါလေ ပြေးထွက်လို.သွားချင်...
လူတွေအားလုံးရဲ.အဝေးဆုံးနေရာတစ်ခုဆီ...

နင်ဆိုး နင့်အပြစ်တွေ...ဘာမှ ငါမသိချင်...
နှလုံးခုန်သံ မရပ်မချင်း ငါ မင်းဘေးမှာပဲရှိချင်...
မျက်လုံးတွေမှိတ်လိုက်...ပြောပါစိတ်ကြိုက်...
ငါကအမြဲ နင့်ရဲ့အလိုတွေလိုက် ခေါင်းတွေညိမ့်လိုက်...
အိပ်မက်တွေထဲမှာ ၂ယောက်တည်း တစ်ကမ္ဘာလုံးမိုးမြေပတ်အတူ...
ဖုန်းbillတွေတက်ပါတယ်ဆို တစ်ညလုံးဖုန်းတွေဆက်ကြူ...
လုပ်ချင်တာ လုပ်ထားပီးရင်...အလှဆုံးပြုံးနေတတ်သူ...
ငါ့အနားမှာ နင်သာရှိ...တစ်ဘ၀လုံးရှူံးပါစေ မရပ်ဘူး...
ငါလဲ မင်းလိုပါပဲ မာနမကင်းတဲ့လူ...
အခုတော့ အရာရာအားလုံးကို ခ၀ါချရင်းနဲ.ကြူ...
အိပ်မက်တွေမက်ခဲ့ဖူးတယ် ထာဝရ မင်းနဲ.အတူ...
အကျိုးအကြောင်း အဆိုးအကောင်း အားလုံး လာသမျှရှင်းခဲ့သူ...
တစ်ချို.တွေရှိတယ်...မီးမှန်းသိလဲ တိုးနေမိတယ်...
အဲ့ဒီ့ထဲ ငါပါနေတော့ ၀ိုင်းထိုးတဲ့ လက်ညိုးတွေရှိလဲ...
နင့်အဆိုးတွေသိတယ်...လူတွေ ငါ့ကို အကုန်ရယ်ပါစေ....
မမုန်းပဲ...နင်နဲ.မခွဲတော့ဘူး...ငါယုံကြည်နေတုန်းပဲ...

(ငါ့အနားမှာ နင်သာရှိရင် အရာရာစွန်.လွှတ်နိုင်သွားပီ...
ကျန်တာ ငါ့အတွက် ဘာမှထပ်မလိုတော့ဘူးကွယ်...
နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်ဆီ...
ငါလေ ပြေးထွက်လို.သွားချင်...
လူတွေအားလုံးရဲ.အဝေးဆုံးနေရာတစ်ခုဆီ...)2

ငါ့အနားမှာ နင်သာရှိရင် အရာရာစွန်.လွှတ်နိုင်သွားပီ...
ရန်တွေဖစ်လိုက်...ပြသနာတွေတက်လိုက်...နောက်ဆုံးမပြတ်နိုင်တော့လဲ ပြန်အဆင်ပြေသွားလိုက်...

နင်နဲ့အတူ ကမ္ဘာမြေတစ်ဖက်ဆီ...ငါလေ ပြေးထွက်လို.သွားချင်...
မျက်လုံးတွေမှိတ်လိုက်...ပြောပါစိတ်ကြိုက်...ငါကအမြဲ နင့်ရဲ့အလိုတွေလိုက် ခေါင်းတွေညိမ့်လိုက်



9 One
Gay Gae

No comments:

Post a Comment