Saturday, April 20, 2013

အစွန်းနှစ်ဖက်

ရေး - အောင်ကိုမြင့်
ဆို  - G Latt

တစ်ဖက်က ငါ့ရဲ့ ဝါသနာ တစ်ဖက်က ငါ့ရဲ့ ဝမ်းစာ
အားလုံး အရေးကြီးနေလို့ ဆုံးဖြတ်ရမယ် တကယ်ကိုသေချာစွာ
တစ်ဖက်က ငါ့အတွက် အကြင်နာ တကယ်ကို သေချာစွာ
အားလုံး အစွန်းအထင်းမခံလို့ ဆုံးဖြတ်တော့မယ် တကယ်ကို သေချာမှ

ဘယ်အရာကို စွန့် လွှတ်လိုက်ရမလဲ
အဆင်ပြေအောင် ကြိုးစားလည်းမလွယ်
ငါ ဖြစ်ချင်တာရယ် ငါ ဖြစ်နေတာနဲ့ 

ရူးသွားရင် ကောင်းလိမ့်မယ် ဟုတ်တယ်
ရူးလောက်အောင် ခက်တဲ့ အဖြေတစ်ခုရယ်
ဘာတွေကို ရွေးချယ် ငါ ဘယ်လို ရွေးမယ်
ယုံကြည်ချက်နဲ့ အသပြာတွေရဲ့ ကြားထဲ
ရူးသွားရင် ကောင်းလိမ့်မယ် ဟုတ်တယ်
ရူးလောက်အောင် ခက်တဲ့ အဖြေတစ်ခုရယ်
ဘာတွေကိုရွေးချယ် ငါ ဘယ်လို ရွေးရမယ်
ရင်ခုန်ဖက်နဲ့  ကိုယ်ကျင့်တရားအတွက်

လား လား လာ … လား လာ့ လား လာ လား…
ဒါ ဒါ ဒီး… ဒါး ဒါ ဒါး ဒါ့ ဒါး…
ရင်ခုန်ဖက်နဲ့ ကိုယ်ကျင့်တရားအတွက်

ရင်ခုန်ဖက်နဲ့ ကိုယ်ကျင့်တရားအတွက်

No comments:

Post a Comment