Saturday, April 20, 2013

အရင်အတိုင်းရန်ကုန်



ရေး/ဆို - ဟန်ထူးလွင်

ငါ့အခန်းလေးထဲမှာ အလင်းတန်းများပျောက်ကွယ်
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်
အခန်းထဲကနေ အပြင်ကိုထွက်
ရန်ကုန်မြို့ ကြီး အရင်အတိုင်းပဲ

ငါ့အတ္တကိုအိတ်နဲ့ ထုတ်လိုက်တယ်
လူမမြင်အောင်ယူကာအမှိုက်ပုံးလေးထဲထည့်
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေပြန့် ကျဲ

ရန်ကုန်မြို့ ကြီးလည်း ငါ့အတိုင်းပဲ
ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်
တမင်တကာ ကာရံထားဒီတံတိုင်းများခြားရင်းနဲ့ 
ဘဝရဲ့ ထွက်ပေါက်အဖြေမှန်ကိုရှာဆဲပဲ

ရန်ကုန်မြို့ ကြီးရယ် ငါဖျားဆဲ
အိမ်အပြင်မှာ မလုံခြုံလည်း အိမ်ထဲကနှင်းကျတယ်

လူတိုင်းက မင်းကိုချစ်တော့ချစ်ကြမယ်
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ ကွယ်
မင်းအပြစ်မဟုတ်တာ ငါနားလည်
ရန်ကုန်မြို့ ကြီးနဲ့ မငိုလိုက်နဲ့ 

No comments:

Post a Comment