Thursday, April 25, 2013

အမှတ်တရဒဏ်ရာ


ရေး - ဖိုးဇော်
ဆို - အငဲ

မလွမ်းချင်ဘူး...နေရာဟောင်းကို မပြန်တော့ဘူး..
အတိတ်အိပ်မက်...တားဆီးမရပါ ....ညစဉ်နှိပ်စက်
ရင်ဘတ်တစ်ခုလုံး... ကြေသွားတဲ့ဇာတ်လမ်းအကြောင်း....မတွေးပေမယ့်...အမြဲတမ်း ငါ့စိတ်ကိုခြောက်လှန့်ခဲ့...
(မင်းအချစ်ကိုယုံစားလို့...ငါ့ဘဝကို ပုံအပ်ထား....
မင်းအတ္တကိုအရောင်ဆိုးဖို့.... သွေးအေးစွာ ငါ့ကို... နင်းချေသွား)
အမှတ်တရ ငါ့ဒဏ်ရာ
မတမ်းတဘူး ..ပြန်လည်မလိုချင်တော့ဘူး....
အတိတ်အိပ်မက် ...အဆုံးသတ်ချင်တယ် ..ညအသစ်တို့မှာ...
မဖြစ်နိုင်ဘူး ..ဇာတ်လမ်းတွေပြန်စဖို့..
ခွင့်မလွှတ်ဘူး...မင်းရိုက်ချိုးတဲ့ ဘဝနာ ..မကျက်သေးဘူး
နောက်လှည့် မကြည့်ချင်တော့ဘူး ..မကြားချင်တော့ဘူး
ဘာမှ ငါမမေ့သေးဘူး
လျှို့ဝှက်တဲ့ မင်းရယ်သံများ ..ငါ့ဘဝကို လှည့်စား
အတိတ်အိပ်မက်များထဲ

1:28 PM 4/28/2013

No comments:

Post a Comment