Thursday, April 25, 2013

ငရဲတစ်ပိုင်း


ရေး - လင်းလင်း
ဆို - အငဲ

ညာလက်တစ်ဖက်စာ..အိပ်မက်တို့
ငါဖမ်းဆုပ်ကိုင်ကြည့်တော့...ကျန်ခဲ့တာဗလာနတ္တိပါ
ဘယ်ဘက်တစ်ဖက်စာ....အိပ်မက်တို့
ငါစူးစမ်းရှာကြည့်တော့...ကျန်ရစ်ခဲ့တဲ့ စိတ်ကူးများဟာ မွဲခြောက်ခြောက်ပါ

သက်ပြင်းမျိုးစုံ ကြုံတဲ့ဘဝမှာ.... ငါဒုက္ခတွေအတိပေါ့
စုံလုံးကန်းယုံကြည်ချက်တို့ဟာ.... ပျောက်ရှလို့နေခဲ့ မွဲခြောက်ခြောက် ငါ့ဘဝ

အခုလို ငရဲဘုံတစ်ပိုင်း
နောက်နောင်ဘဝဆက်တိုင်း
ဝေးစေ...လွဲစေသားဟေ့/ အဆိုးဆုံးငါ့ရဲ့ဘဝ

နေထက်ပြင်းတဲ့ အပူလှိုင်းများဟာ တိုက်ခတ်နေခဲ့တော့
ကြုံတွေ့ရတဲ့ နေ့များတိုင်းဟာ
ကျွမ်းလို့ လှိုက်လောင်ဆဲ
မွင်းကြပ်လို့နေခဲ့
မွဲခြောက်ခြောက် ငါ့ဘဝ

1:12 PM 4/28/2013

No comments:

Post a Comment