Monday, April 29, 2013

ရင်ဖွင့်ပြချင်တယ်


ရေး - မောင်သစ်မင်း
ဆို - ဝိုင်ဝိုင်း

(ဟား)၂[ငါ့ရဲ့ကြမ်းတမ်းတဲ့ရုပ်သွင်ပြင်နဲ့
(အပေါ်ယံ)အရေပြားအောက်မှာ အလွန်သိမ်မွေ့တဲ့
ကြည်လင်နုငယ် နှလုံးသားငယ်/တစ်ခုဟာတည်ရှိခဲ့

မင်းလေးမသိလို့မှန်းချင်တာလား
အမှန်ကိုမင်းသိအောင် ဘယ်လိုဖော်ပြမလဲကွယ်
မနောအလှ အပေါ်ယံမတွေ့ရ]

လူဆိုတာကွယ် ရင်းနှီးခွင့်ရမှ
တစ်ယောက်ရဲ့စိတ်တစ်ယောက်သိနိုင်မယ်
ငါဟာအရုပ်ဆိုးလည်းကွယ်
နှလုံးသားလှအောင်နေတတ်ခဲ့

လူဆိုတာ အမြင်မှာတစ်ချို့က လှ
အတ္တစိတ်က ကြမ်းတမ်းနေတယ်
အနာခံစရာတွေ့တော့မှလေ
တစ်ကိုယ်ကောင်းစိတ်ဓာတ်ပေါ်မယ်
(ဟိုး ဟိုး ဟိုး)
(အပေါ်ယံချိုတာတွေ အများကြီးတွေ့တော့
ဆုံးဖြတ်ရခက်လို့နေမယ်
လူတွေကိုလေစိတ်ထားသိအောင်
အနီးကပ်လေ့လာကြည့်ဦးကွယ်
လူဆိုတာ အမြင်မှာခါးသီးလည်း
နှလုံးသားလေး ရိုးသားနိုင်တယ်
ဒါတွေကိုလေ မင်းသိအောင်
ငါရင်ဖွင့်ပြလိုက်ချင်တယ်)၂

3:38 PM 5/1/2013

No comments:

Post a Comment