Monday, April 29, 2013

ခေတ်သစ်ဗီသိုဗင်

ရေး - သော်ဒီဝေ

ဆို - အငဲ

မှော်ပဉ္စလက် ဂါထာမန္တန်တွေ လိုရာဖန်ဆင်း အရှင်သခင်လို
ရူးသွပ်ခြင်း အတ္တများနဲ့ တို့နေထိုင်တဲ့ကမ္ဘာ
လောကရဲ့အဆိုးအကောင်းတရား အမှားအမှန်ကိုရွေးကာ
အိပ်မက်တို့ မက်ကြ မျှော်လင့်တဲ့ခရီး
နူးညံ့တဲ့နှလုံးသားများနဲ့ အချစ်ကို ဆန်းစစ်ပြီး
ဦးနှောက်များနဲ့ ချဲ့ထွင်ပြီး
အားလုံးအသစ်တီထွင် တို့ဖန်ဆင်း

သံစဉ်တွေဖောက်ခွဲ ကြင်နာသူအတွက် ဂန္တဝင်အဆန်ဆုံးဗီသိုဝင်ငါပဲ
ဓာတ်သတ္တုအလေးချိန်များထက် ခက်ထန်မာကျောသူ
ရိုက်ခတ်တဲ့လောကဓံတရားရဲ့ သီချင်းကို ဖန်ဆင်းသူ
အိပ်မက်တို့ထဲကငါထွက်ခဲ့ပြီး ရိုးသားတဲ့နှလုံးသားများနဲ့အချစ်ကိုဆန်းစစ်ပြီး
ဦးနှောက်များနဲ့
ချဲ့ထွင်ပြီး အားလုံးအသစ်ထွင် တို့အသက်ရှင်

ခေတ်အသစ်များ ငါဖန်ဆင်း ဗီသိုဝင် ငါပါပဲ
ရင်ခုန်သံတွေရယ် ဟောဒီကမ္ဘာထဲ ကြင်နာသူ နားဆင်ဖို့
တီထွင်ဥာဏ်ရွှင်ရဲ့ ဦးနှောက်တွေ ရှင်သန်ပါစေသောဝ်
သမိုင်းလမ်းကြောင်းများအဆုံး တို့ရေးမှတ်ပြီး
နူးညံ့တဲ့နှလုံးသားများနဲ့ အချစ်ကို ဆန်းစစ်ပြီး
လမ်းများအသစ်တီထွင် တို့ဖန်ဆင်း အားလုံးအသစ်တီထွင် ချဲ့ထွင်ရင်း
အားလုံးအသက်ရှင် အို မနက်ဖြန်များ
အားလုံးချဲ့ထွင် အို အသစ်ထွင် ငါအသက်ရှင် မနက်ဖြန်များ

4:06 PM 5/1/2013

No comments:

Post a Comment