Monday, April 1, 2013

ရေစီးကြောင်းသံယောဇဉ်

ရေး - ဖိုးချို
ဆို - ချစ်ကောင်း


မပြတ်သေးဘူး ရေစီးကြောင်းလေးအား ဓါးနဲ့ဖြတ် ပြတ်ပါ့မလား ဖြတ်မရဘူး ဒီလိုသံယောဇဉ်တွေ
နှစ်ကိုယ်တူအဝေး လူခြင်းတွေ့ရဖို့ ခဲယဉ်းလည်း အတွေးလေးထဲ အမြဲတမ်းတွေး ဒီလိုသံယောဇဉ်တွေ
့ပြတ်ဖို့ခက်တယ်လေ

မပြတ်သေးဘူး မျက်လုံးများနဲ့တော့ ကြည့်ရှု့လို့တော့ တွေ့မမြင်နိုင် ကြိုးလေးများ ဒီလိုသံယောဇဉ်တွေ
ရေတွေလိုစီး ဘယ်နည်းနဲ့မှ ဖြတ်တောက်ကြလို့ ပြတ်တောက်ရဖို့အကြောင်းလည်း မရှိ ဒီလိုသံယောဇဉ်တွေ လုံးဝမပြတ်နိုင်ပေ

ကြိုးများအားလုံးထဲ အမြဲဆုံးကြိုးသံယောဇဉ် ကိုယ်နဲ့မင်းရဲ့ အသည်းတွေကို ရေး
တင်းတင်းရစ်ဖွဲ့လို့ထားရင် တို့နှစ်ယောက်ဘယ်လောက်ပင်ဝေး အို ရေစီးကြောင်းလေးအတိုင်း
ထာဝစဉ်စီးဆင်း

အို မပြတ်နိုင်ဘူး ပတ္တမြားကျောက်စီဓါး ဆွဲကိုင်ခုတ်မလား ဖြတ်မရဘူး ဒီလိုသံယောဇဉ်တွေ
ရေတွေလိုစီး ဘယ်နည်းနဲ့မှ ဖြတ်တောက်ကြလို့ ပြတ်တောက်ရဖို့အကြောင်းလည်း မရှိ ဒီလိုသံယောဇဉ်တွေ မပြတ်နဲ့ချစ်သူရေ

10:29 PM 4/8/2013



1 comment:

  1. ဖိုးချိုရေးတာ ဟုတ်လို့လား

    ReplyDelete