Monday, April 1, 2013

မင်းသိဖို့ကောင်းတယ်

ရေး - မောင်သစ်မင်း
ဆို - မျိုးကြီး

ကန်တော်ကြီးအင်းယားလည်းမသွားချင် ကိုယ်လေမသွားဘူးပြန်မြင်ယောင်ကာဆွေးနိုင်တယ်
နှစ်ယောက်သားသွားဖူးတဲ့ ဘုရားပေါ်မှာခိုလေးများ ကိုယ်လာရင်မေးငေါ့ကြမလား
အကြောင်းအမျိုးမျိုးရှိလို့ကိုယ်ငြင်းရခက်တော့စင်ပေါ်တက်ရတဲ့အခိုက်အတန့်လေးထိုင်နေကြ
ရှေ့ကမင်းရှိရာခုံလေးသို့ ဟိုအရင်လိုမကြည့်ဝံ့ဘူး

(မင်းသိဖို့ကောင်းတယ် စွဲမိတဲ့မင်းရဲ့အပြုံးလေးတွေ   ချိုသာတဲ့အပြုံးလေးများပျောက်ကွယ်ရင်မနေတတ်လို့
ဟောင်ချာချာဖြစ်ခဲ့ရ )
အဖော်တွေကောင်းပေမယ့်လည်းခဏလေးစိတ်ပြေရုံပဲရှိ ဖြေသာတယ်မထင်နဲ့ကွာ
ကိုယ်တစ်ယောက်တည်းမသွားရဲဘူး အရင်လိုအင်အားမရှိ ဘယ်ရုံမှာဘာကားပြ  သတိရလို့ဆွေးရမယ့်ကိုယ့်အဖြစ်များ မင်းမပါတဲ့ကိုယ့်ဘဝများ မင်းမပါတဲ့ကိုယ့်ဘဝများ
အိမ်မက်ထဲထည့်မက်ဖို့ကြောက်မိတယ် ပြန်စဉ်းစား ဒီလူကိုထားသွားမလား

5:04 PM 4/9/2013

No comments:

Post a Comment