Monday, April 1, 2013

ငယ်ချစ်ဦး

ရေး-
ဆို-စိုင်းထီးဆိုင်

ကြာပြီဆိုတော့မေ့လောက်ပါပြီ စိတ်မှယုံခဲ့တယ် အချစ်ဦးမို့ယနေ့ ထက်ထိတိုင် ကိုယ်မမေ့နိုင်သေးတယ်
ခုနေချိန်များပြန်တွေ့ကြရင် အရင်တုန်းကလိုပဲ ရင်ခုန်ဦးမလား

တစ်ခါကမသိသေးတဲ့အမှာအမှန်ကို မချင့်ချိန်နိုင်ခဲ့တယ် အနိုင်အရှုံးလေးတစ်ခုအတွက်
ကိုယ်ကိုသူလိုက်ရင်ပြေးတယ် တစ်ယောက်ကိုတစ်ယောက် မခွဲချင်ပဲခွဲကာ
နောက်ဆုံးရတာတော့အချစ်နောင်တပဲ
အမြဲလိုမဟုတ်ပေမယ့်လည်း သူနဲ့ဆုံတွေ့တဲ့မြေ ပတ်သတ်နေတဲ့အကြောင်းတွေ ရောက်ပြန်လေတိုင်း
ပြန်ပြောတိုင်းမှာ ပြန်သတိရလာဆဲ လွမ်းနေဆဲပါ

မတည်ငြိမ်နိုင်သေးတဲ့နှလုံးကိုတော့ တတ်နိုင်သလောက် ထိန်းမယ် ဟိုတုန်းကမှားတဲ့အမှားရယ်
ဒီနေ့ထပ်မမှားချင် အချစ်ဒဏ်ရာချက်တွေများလွန်းပြီး ပိုရင့်ကျက်လာဖို့ပဲကျန်တော့တယ်

www.mmlyric.blogspot.com

No comments:

Post a Comment