Saturday, April 6, 2013

ပြန်တွေးမနေနဲ့

ရေး - ကေအေတီ
ဆို - သအို

ရောင်စုံတိမ်တွေကို ငေးလို့ကြည့်မိချိန်
နင်ဟာ တိမ်တွေလို ရက်စက်ခဲ့
နာကျင်စရာတွေ အပြည့်အနက် ထားခဲ့လိုက်
ငါပျော်နိုင်စရာတွေ ရှားပါးတယ်
လေနှင်ရာ သွားပါ သွားပါ
အဝေးကို နင်ထွက်သွားတော့
ကြင်နာသူတို့တွေ ဝေးတာ
ကောင်းမယ် တစ်သက်လုံးပေါ့

အရာရာဟာ ထာဝစဉ် တည်ငြိမ်မနေပါ
အရာရာဟာ လည်နေပါတယ် ကမ္ဘာမြေအတိုင်း
တို့ချစ်ခဲ့တဲ့ အဖြစ်က အိပ်မက်လား
မင်းလေး သတိရလို့သာ နေဦးမလား

နင်ပြန်တွေးနေမလား နင်ပြန်ဆွေးနေမလား

ကျန်နေသူရင်မှာ အဆိပ်တတ်ခဲ့ပြီးနောက်
ငါ့ကိုမုန်းနိုင်တယ် မေ့လိုက်တော့
ငါဟာလေ တကယ်ကို အတ္တကြီးသူမို့
နားလည်ပေးမယ် မင်းအတွက်ပေါ့
တိမ်လို နင်လွင့်ကာသွားလိုက်တော့လေ
အကောင်းဆုံး အရပ်ကိုပေါ့ နင်ပျံသန်း
အချိန်တန်ရင် ရင်ခုန်သံကို တိုးလာမယ် နှေးနိုင်တယ် ပြောင်းနေမယ် ဒါအမှန်ဆုံး

ငါကိုယ်တိုင်မပျော်နိုင်
အတူနေထိုင်ချိန်ခဏ
မင်းအမုန်းများပဲ ပေးနိုင်တယ် သိလိုက်စဉ်မှာ
ငါအရင်လို မနေနိုင်
ငါပြန်မလာပါနဲ့
နောက်ဘဝအသစ်ဆက်မယ်
ဆုံးဖြတ်ချက်ကို ချပြီးသား ရေး ရေး
ကျန်နေသူ ရင်မှာ အဆိပ်တက် ခဲ့ပြီးနောက်
ငါ့ကိုမုန်းနိုင်တယ် မေ့လိုက်တော့
တို့ဘဝ ဒီတို့ဘဝလေး နင်မေ့လိုက်ပါ

No comments:

Post a Comment