Saturday, April 6, 2013

အိန်ဂျယ်

ရေး - ရွှေဂျော်ဂျော်
ဆို - ရေဗက္ကာဝင်း

ငါဟာ အိန်ဂျယ် ဒါပေမယ့်လည်း
ငါနေတာ ပုလင်းတစ်လုံးရဲ့ အထဲ
မမျှော်လင့်ဘဲ ငါမင်းနဲ့
အပြင်မှာ ဆုံလာတယ် တံခါးလေးဖွင့်စဉ်

အိပ်မက်လိုပဲ မြင်တွေ့ရုံနဲ့
ငါမင်းကို သိပ်ကြင်နာတယ်
ဒါဟာ ဝဋ်ကြွေးလားလေ
ငါယူလာတဲ့အချစ်တွေ အသိမှတ် မင်းမပြုလည်း

အိုမင်းတောင့်တလိုက်ရင် မင်းရှေ့ပြေးလို့ ရောက်ချင်
ပုလင်းလေးထဲက မင်းနတ်သမီးလေ

အိုမင်းတောင့်တလိုက်ရင်
အားလုံးဖြည့်စွက်လိုက်ချင်
တောင်းတဲ့ဆုနဲ့ ပြည့်ဝခဲ့ရင်

ငါဟာ အိန်ဂျယ်.. ရေး..

ငါကြင်နာတဲ့ ဂျင်နီလိုကွယ်
မဆိုင်တာ ဝင်ပါမိလား တောင်းပန်တယ်
ဘာမှကွယ် မမျှော်လင့်လည်း
တစ်ခါတစ်လေ နာကျင်လွယ်တဲ့ ငါ့စိတ်တွေ

ဒီရုပ်ရှင်လေးနဲ့ သီချင်းသံလေးကို
ကြားမိတိုင်း ငိုချင်တယ်
မလိုချင်ရင် ထားခဲ့လေ
ငါယူလာတဲ့အချစ်တွေ
အသိအမှတ်မင်းမပြုလည်းဘဲ

ဟေ့အချစ်ဟာဘာလဲ
အသေအချာ ငါမသိလည်း
မပြောင်းလဲဘူး မင်းအတွက်ဆိုရင်
ငါဟာ အိန်ဂျယ် ရေး
အိန်ဂျယ် ရေး
မင်းအတွက်ဆို အိန်ဂျယ် ရေး

No comments:

Post a Comment