Friday, April 5, 2013

စတိတ်ရှိုးနဲ့ တိတ်တခိုး

ရေး -  မြန်မာပြည်သိန်းတန်
ဆို -  မြန်မာပြည်သိန်းတန်

တူ  တူ  တူ  တူ  တူး  တူ  တူ  တူ  တူ  တူး  တူ  တူ  တူ  တူ  တူး
တေးချစ်သူ ပရိသတ်တွေနဲ့  ပျော်စရာ စတိတ်ရှိုးလေးတစ်ခုပါ
သီချင်းလေးနဲ့  အလှည့်ကျပြန်တော့
တေးသံသာသာ   ပျော်ရွှင်နေတာ ကိုယ်ပါ
ပရိသတ်အကြိုက်  သီချင်းသီဆိုခိုက်
ရုတ်တရက်နဲ့  အမှတ်မထင်မြင်လိုက်
ရွန်းရွန်းလဲ့လဲ့နဲ့  မျက်ဝန်းနက်တစ်စုံကိုပါ

တွေ့ စကတော့ တကယ်ဆိုလည်း ကိုယ်ဘယ်လို ဂရုမထားမိ
သူတစ်ခါတစ်လေ  ပြုံးပြလိုက်  မြင်  မြင်ပါများတော့
ရင်ခုန်မိသလို သူဘယ်လိုလဲ (တူ  တူ တူ တူ တူး)

ပရိသတ်အကြိုက်  သီချင်းသီဆိုခိုက်
ရုတ်တရက်နဲ့  အမှတ်မထင်မြင်လိုက်
ရွန်းရွန်းလဲ့လဲ့နဲ့  မျက်ဝန်းနက်တစ်စုံက

ဂရုစိုက်လို့   သီချင်းရဲ့ သံစဉ်
နားဝင်ချိုငြိမ့်အေး ကိုယ့်စိတ်ထဲမှာ
အထူးသဖြင့် မင်းလေးရဲ့ ရင်မှာ
တေးသံသာသာ  ချိုမြိန်ပါစေ  ရည်ကာ

လှတစ်မျက်နှာ ချစ်စရာရူပါ
ပြုံးပြုံးလေး    ကြည့်နေပြန်တာ
စတိတ်ရှိုးတစ်ခုနဲ့ တိတ်တခိုး အချစ်ပုံစံ
ရွန်းရွန်းလဲ့လဲ့နဲ့  မျက်ဝန်းနက်တစ်စုံမှာ

မင်းရဲ့ အပြုံးများ ဒီမောင်ကို ချစ်သလား ပြောစမ်း
တူ တူ တူ တူ တူး  တူ တူ တူ တူ တူး


No comments:

Post a Comment