Friday, April 5, 2013

သနပ်ခါးချစ်သူ




ဆို - R ဇာနည်

အမြဲလိုပင် သနပ်ခါးလေး ပါးပါးညီညီ လိမ်းကျံကာ
အကူအညီမပါပေမယ့်လည်း နဂိုနီတဲ့ နှုတ်ခမ်းလေးအလှသွေးကွယ်
ပိတုန်းနက်ဆံစလေးတွေ ခါးနွဲ့ နွဲ့ လေးထက်မှာ ယဉ်နိုင်လွန်းတယ်

တွေ့ ချင်တယ် တစိမ့်စိမ့်နဲ့ ကြည့်လို့ တကယ်ကိုမဝနိုင်တယ်
နြေရှင်မလေးရယ် ဆယ်ခါတစ်ခါ ပြုံးခဲနိုင်လွန်းတယ်
ဒေါသမာနလေးတွေ မရှိတဲ့ သူ့ သဘောထားကို ကိုယ်စာဖွဲ့ မယ်
ဘယ်သူတွေ ဘယ်လောက်ကြီးချောချော ချောပါစေ
မမြင်နိုင်တဲ့ နှလုံးသားထဲကအလှတွေ သူ့ မှာရှိတယ်

မဟာဆန်တဲ့ ကဗျာဟန်လေးရယ် သိမ်မွေ့ နုနယ်
စာနွယ်လေးလား ပန်းချီလေလားကွယ် မယ်ယဉ်ကျေးရယ်
လေပြည်လာရင် အဝေးကရတဲ့ သနပ်ခါးနံ့ လေးတွေကို
ဒီတစ်သက်တာ ကိုယ်လေ မွှေးချင်တယ်

အမြဲလိုပင်သနပ်ခါးလေးပါးပါးညီညီ လိမ်းကျံကာ

No comments:

Post a Comment