Saturday, April 20, 2013

မြေနီလမ်း

ရေး - အယ်လ်ဖြူ
ဆို  - ဘိုဖြူ

အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ
ဟိုအရင်အချိန်တွေရဲ့ အတိတ်အသစ်ပြန်လာ
ခြေသံတစ်စုံတစ်ရာရယ် မကြားမိပါလား
အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ

ဒီနေရာမှာ အရင်က တွေ့နေကျပါ
မမြင်တာကြာပြီ အရင်နှစ်များစွာပါ
ရင်ခုန်သံတွေရယ် တဖြည်းဖြည်းမြန်လာ
မြေနီလမ်းလေးကို မင်းသတိရပါ

အိုး ..... မြေနီလမ်းက
အိုး ..... အမြဲစောင့်နေတာ
အိုး ..... ခြေသံလေးများ
ပြန်ကြား ..... အဝေးက

ဟိုမှာ အနီရောင် အိမ်မိုးများရဲ့ အထက်မှာ
ဒီလိုအချိန်တွေဆို တဖွဲဖွဲကြွေကျ
ချယ်ရီထင်းရှူးနဲ့ တောတန်းတစ်နေရာ
တောင်ပေါ်လမ်းထဲမှာ နှင်းမကွဲသေးပါ

No comments:

Post a Comment