Saturday, April 20, 2013

အချစ်ဆိုတာ

ရေး - ဆောင်းဦးလှိုင်
ဆို -ဆောင်းဦးလှိုင်၊ စည်သူလွင်

ဘယ်လိုငါ အဖြေရှာကြည့်မလဲ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတဲ့
ငါမမြင်ရတဲ့ ဝေဒနာကို
ပိုင်ဆိုင်ချင်တယ် တစ်ဘ၀လုံး အတွက်
အတူတူ အဆိုးအကောင်းများ မျှဝေခံစား
ဒါဟာ အချစ်ရဲ့ အဓိပ္ပါယ်လား
သူငယ်ချင်း ငါ့အတွက်တော့ အချစ်ဟာ ပေးဆပ်မှုတစ်ခုပေါ့
သေချာဘာမှ မရရှိလည်း အရာရာ စွန့်လွှတ်ရင်းနဲ့ပဲ ပျော်တယ်။

တစ်ခါတစ်လေ ကမ္ဘာပေါ်မှာ ငါလေ တစ်ယောက်တည်း
လွမ်းမောခြင်းများ ရှိလာရင် ငါဟာ လွတ်မြောက်ရာကို ရှာမယ်
အပြန်အလှန် မှီခို နေထိုင်ရင်းနဲ့
အတူတူ အဆိုးအကောင်းများ နှစ်ယောက်ဟာ ခံစား
ဒါဟာ အချစ်ရဲ့ ၀ိဉာဉ်လား

သူငယ်ချင်း ငါဘ၀အတွက်
အချစ်ဟာ စွမ်းအားလေးတစ်ခုပေါ့
နေချင်စရာ မရှိတဲ့ လောကကထဲ
ငါဟာ အချစ်အတွက် ကြိုးစား အသက်ရှင်

အချစ်ဆိုတာ ကမ္ဘာမြေ လှပသွားအောင် ထွန်းတဲ့ အလင်းရောင်
အချစ်ဆိုတာ လူကို စွမ်းအားပေးတယ် စွမ်းတဲ့ ၀ိဉာဉ်
အချစ်ဆိုတာ လောကကြီးအတွက် မရှိမဖြစ်

ကမ္ဘာမြေပေါ်မှာ အချစ်များစွာ
လူတွေရင်မှာ ခံစား အဆုံးသတ် မသွားပါ
နေထိုင်ခဲ့ အချိန်တွေလည်း တကယ်ရှိသွား အဓိပ္ပါယ်

No comments:

Post a Comment