Monday, April 8, 2013

ရင်ခုန်မိသူ

ရေး  - ရှင်ဖုန်း
ဆို - ရှင်ဖုန်း

ချိုသာစွာပြောခဲ့တဲ့မင်းရဲ့စကား တို့အတွက် အနာဂတ်များဖြစ်မလား
ကိုယ်မျှော်လင့်မိခဲ့လည်း ဒါတွေဟာအိမ်မက်တွေပဲလား ဒီလိုဆိုအချစ်ကိုမသိတော့ဘူး မင်းနဲ့ရင်ခုံခြင်း
အတွက် ကိုယ်မိုက်မဲမိတယ်ဆို တကယ်ကိုရင်မှာ
ကျေနပ်တယ်
မာယာမဲ့သောအချစ်တွေရယ် ရှင်သန်နေတဲ့
နှလုံးသားလေးနဲ့ နင်မချစ်လည်းပြုံးနေမယ်
ကိုယ်ဟန်မဆောင်နိုင်မျက်ဝန်းထဲ
မြင်နိုင်ရဲ့လားချစ်သူရေ အနီးဆုံးနားမှာ
မင်းလေးနားမှာထာဝရအမြဲပဲ
တသက်လုံးရှိချင်တယ် နေမယ်မင်းလေးအနား
အချိန်တိုင်း ကိုယ်အကြိမ်ကြိမ်မင်းနဲ့တွေ့ချင်ခဲ့
ချစ်နေမိတာအပြစ်ရှိလား တိတ်တခိုးအချစ်တွေရယ် ရင်မှာလျို့ဝှက်ဒီအချစ်
များ ကြင်နာသူမင်းကရှောင်ပုန်းပြီး ပျောက်လို့နေမှာ ကြောက်နေမိ
သူသာခွင့်လွှတ်မယ်ဆို ဝန်ခံချင်ပါတယ်
အချစ်များအတွက်

ဟေ့မျှော်လင့်ချက်လေးတစ်ခုအတွက်နဲ့
ငါအသက်ရှင်နေမိတယ် မင်းပေးခဲ့တဲ့အိမ်မက်
တွေထဲမှာ ငါနစ်မျှောနေမိတာပါ ဒါပေမယ့်
အခုတော့သိလိုက်ရပြီ ငါအရူးတစ်ယောက်လိုပဲ
မဖြစ်နိုင်မှန်းသိတဲ့အရာတစ်ခုကို မျှော်လင့်နေမိတယ် မင်းငါ့ကိုမချစ်နိုင်ပေမယ့်
(ငါမင်းကိုချစ်နေဆဲပါ )၂

အစားထိုးလို့မရတဲ့ အချစ်တစ်ခုအတွက်
ဝေဒနာတွေကိုဖန်ဆင်းမိ
ကိုယ်ယူလာမိတဲ့ ဒီအချစ်မီး သူလေနာကျင်ခံစား
မှာစိုး ဟိုး
11:39 PM 4/22/2013

No comments:

Post a Comment