Monday, April 29, 2013

မင်းကြောင့်လား

ရေး - နိုင်းနိုင်

ဆို - အငဲ

ဝိုးတဝါးအတွေးထဲ မျောလွင့်ခရီးစဉ်
ယုံကြည်ခဲ့သော အချစ်စစ် ရုတ်တရက်ကွယ်
ပျောက်ပြီ လမ်းဟောင်းလေးထဲ နှုတ်ဆက်ခွဲခွာတော့ ရင်မှာတည်ဆောက်ထားသော ဘဝဟာ
မှားယွင်းပြီ

မင်းကြောင့်လား ပြောလည်းမပြောရက်ပါ
မင်းအတွက်အမြဲတမ်းခေါင်းငုံ့ကာ အရှုံးပေးတယ်
ရင်ခုံသံတွေကမ်းတစ်ဘက်မှာ (တို့နှစ်ဦးလည်းဝေးကွာ )
ပြန်မြင်ယောင်မိ တို့အတိတ်ဟောင်းလေးတွေရယ် ချစ်ခဲ့သောနေ့တွေရယ်
ငါဖြတ်ကူးဆဲ မဆုံးနိုင်သော မျက်ရေမြစ်
ဒီချစ်ခြင်းများကျွမ်းလောင်ပြီး ပြာမှုန်ဖြစ်ခဲ့ ချစ်သူရဲ့နှောင်ကြိုးတွေနဲ့
စွဲလမ်းဖူးသောနှုတ်ခမ်းများ ဟိုအရင်အချိန်များ အချစ်ကတို့အတွက် ချိုခဲ့တယ်
ပြန်လိုချင်တယ် ငါတမ်းတလို့နေလည်း
အရာရာပြီးဆုံးသွားပြီ အချစ်မှာရှုံးနိမ့်ခဲ့ပြီ

ချစ်သူရယ်

8:52 PM 5/1/2013

No comments:

Post a Comment