Monday, April 29, 2013

လူတွေနဲ့တို့နှစ်ယောက်

ရေး - နိုင်းနိုင်

ဆို - အငဲ

အားလုံးရဲ့အဝေး လူတွေနဲ့ တို့ မင်းအနားရှိမှ ဘာလိုသလဲ
နူးညံ့လွန်းသောကြင်နာခြင်းများ
အိပ်စက်ခြင်းမရှိ သန်းခေါင်ယံ/ညလေး
တို့နှစ်ယောက် သွားစို့ တိမ်တွေဆီကို ထွက်ပြေးစို့ အို ရော့

ယူလိုက် ဒဏ်ရာတွေပေါ်မှာ ပျော်ဝင်နေတဲ့အနမ်း
စိန်ခေါ်မှုများ တွေဝေနေလား စိုးရွံ့စိတ်
ကြုံဆုံခဲ့သော ကံတရားများ ပစ်ပယ်လိုက်ကြ ကျန်နေရစ်ကြ
ပြန်စလိုက်စို့ လူတွေရဲ့အဝေး ပြောင်းလဲခြင်းများတဲ့ ရာစုနှစ်ထဲ
နှလုံးသားချင်းကပ် လာအသက်သွင်းစို့
ပြန်ရှင်သန်ပါစေ အိပ်မက်ကလေး
မင်းအတွက်ပေးဖို့ ငါ့ရင်ခုန်သံ အချစ်သီချင်းတစ်ပုဒ်  ရော့

ယူလိုက် ဒဏ်ရာတွေပေါ်မှာ ပျော်ဝင်နေတဲ့အနမ်း
ကြမ်းရှတဲ့အနမ်းလေး မင်းအတွက်ပေး အချစ်လေး
စိန်ခေါ်မှုများ တွေဝေနေလား စိုးရွံ့စိတ်
ကြုံဆုံခဲ့သော ကံတရားများ ပစ်ပယ်လိုက်ကြ
ကြမ်းတမ်းတဲ့လမ်း လာရင်ဆိုင်ထား စိုးရွံစိတ်
ကြုံဆုံခဲ့သော ကံတရားများ ကျန်နေလိုက်ကြ အချစ်ရယ်

မုန်းလိုက် ချစ်လိုက် ကြာရင်ပြန် မုန်းလိုက်ကြ
ဖြစ်လိုက် ပျက်လိုက် ရှုပ်ထွေးတဲ့ လူသားများ
စိတ်ညစ်ဖို့ကောင်း
ဒီလူတွေကို တို့နှစ်ယောက် ရုန်းထွက်ပြေးကြစို့

8:43 PM 5/1/2013

No comments:

Post a Comment