Friday, April 19, 2013

မင်းရှိမှ


ရေး  - မောင်မောင်ဇော်လတ်
ဆို - ဖြိုးကြီး

ငါကဗျာတွေရေးလည်း လှပမှုမရှိဘူး ငါဆိုတဲ့ သီချင်းလည်းပဲ
နူးညံ့မှုမရှိဘူး ငါပန်းချီတွေဆွဲလည်း မပြီးဆုံးနိုင်သေးဘူး
ပြန်လာပါ မင်းမရှိလို့ မဖြစ်တဲ့ ငါ့ဘဝ

[ငါဟာ မင်းရှိမှ ပြီးပြည့်စုံတာ ရင်မှာမင်းရှိမှ အထမြောက်နိုင်တာ]
အရာရာ မင်းရှိမှ ငါ့ရင်မှာခံစား
ဘယ်မှာ ငါ့ရဲ့ ဘဝ မင်းနဲ့ မှ ချစ်တာ နင်ယုံထားလိုက်/နားလည်ပါ
ကော်ဖီ စီးကရက် ခုသောက်လို့ မရဘူး ငါဘာတွေလုပ်လုပ်ပေါ့ လုံးဝအားမရဘူး
ဘယ်နေရာသွားသွား ငါစိတ်မဝင်စားဘူး ပြန်လာပါ မင်းမရှိလို့ မဖြစ်တဲ့ ငါ့ဘဝ

အစကတော့ မင်းကြောင့်သိပ်လွယ်တယ် အခုတော့အားလုံးခက်ပြီကွယ်
မင်းမရှိတော့ စိတ်ဓာတ်ကျနေတယ် အစောဆုံးရောက်ဖို့ မင်းပြန်ခဲ့
(ငါ) ဘယ်နေရာသွားသွား တို့ စိတ်မဝင်စားဘူး ပြန်လာပါ မင်းမရှိလို့ မဖြစ်တဲ့ ငါ့ဘဝ

ငါဟာ မင်းမရှိမှ ပြီးပြည့်စုံတာ (ရင်မှာမင်းရှိမှ) ရင်မှာ မင်းရှိမှ
အထမြောက်နိုင်တာ (ဒါတွေနင်သိလား) အရာရာမင်းရှိမှ ငါ့ရင်မှာခံစား
ဘယ်မှာ င့ါရဲ့ ဘဝ မင်းနဲ့ မှချစ်တာ နင်နားလည်မလား (ရင်မှာမင်းရှိမှ) ငါ့မှာ နင်ရှိမှ
(ရင်မှာမင်းရှိမှ) ငါ့မှာ နင်ရှိမှ (အရာရာမင်းရှိမှ) ငါ့ရင်မှာ ခံစား ဘယ်မှာငါ့ရဲ့ ဘဝ မင်းရှိမှဖြစ်တာ နင်နားလည်မလား(ရေ) (ရင်မှာမင်းရှိမှ) ရင်မှာနင်ရှိမှ (ရင်မှာမင်းရှိမှ)
ဒါတွေယုံရဲ့ လား (အရာရာမင်းရှိမှ) ငါ့ရင်မှာခံစား ဘယ်မှာ ငါ့ရဲ့ ဘဝ မင်းနဲ့ မှ
(အားလုံးဖြစ်နိုင်တာ) ငါဟာမင်းရှိမှ ဖြစ်တာ ယုံစမ်းပါကွာ

No comments:

Post a Comment