Friday, April 19, 2013

ရှင်းအောင်ပြောပါ



ရေး  - ဇဝါ
ဆို   - ဖြိုးကြီး

မျှော်လင့်ချက်တွေ ငါ့ကိုပေးနေတာ အများကြီးများလွန်းလည်း
နင်ဟာ ချစ်ခြင်းလေးတွေကို ပေးဖို့ တော့ အမြဲတမ်းလိုပဲ ဝေ့လည်
အိပ်မက်တစ်ခုလို မင်းလည်းတွေ့ ၇ချိန် ငါ့အတွက်လှတယ်
မကြာခင် အားလုံးပြီးဆုံး ငါဟာ တမ်းတသူပဲဖြစ်တယ်
ငါ့စိတ်တွေ ရှုပ်နေခဲ့ပြီ မင်းအတွက်နဲ့ ဦးနှောက် (တွေ) ခြောက်စေတဲ့ မင်းလေးပဲ
ရှေ့ ကိုတိုးဖို့  ငါ့အတွက် သိပ်ခက်တယ် မင်းစကားများ ဝေ့လည်ဆဲ ဒီမှာ ရှင်းသွားအောင်
ပြောစမ်းပါ ချစ်လေး (ရှင်းအောင် ပြောစမ်းပါ အချစ်ရေ)  ငါဒီမှာ ရူးတော့မယ်လေ

မြို့ ထဲလမ်းတွေ/လျှောက်တဲ့ အချိန်  အတူတူ တွဲလျှောက်တတ်တယ်
တကယ် (ဆို)တစ်သက်လုံးသွားဖို့ လမ်းတွေအတွက် ဘာလို့ တွေးမထားလဲကွယ်
ငါ့အချစ်များ (ဟာ) အမြဲတမ်း တခုခုတော့ လွမ်းမောရတယ်
အချစ်လား အမုန်းလား ရှင်းလင်းပေးဦး

စွဲလမ်းရတယ် မင်းလေးကိုပဲ
မင်းစိတ်များကတော့ အသိခက်ဆဲ
ရှေ့ ကိုတိုးဖို့ လဲ ခက်ခဲလွန်းခဲ့
မင်းစကားများက ဝေ့လည်နေတယ်

ငါ့စိတ်တွေ ရှုပ်နေခဲ့ပြီ မင်းအတွက်နဲ့ 
ဦးနှောက်တွေ မင်းကြောင့်ပဲ
ရှေ့ ဆက်တိုးဖို့  ငါ့အတွက် သိပ်ခက်ခဲ
ချစ်တော့မလိုနဲ့  မုန်းတော့မလိုနဲ့ 
ငါဒီမှာ ဘာတွေကို ယုံရမလဲ (…) ငါဒီမှာ ရူးတော့မယ်လေ…

No comments:

Post a Comment