Monday, April 29, 2013

အိမ်လွမ်းသူ

ရေး -ဖိုးကာ

ဆို - ဝိုင်ဝိုင်း

အချိန်မှန်ရထားကြီးပြေးထွက်ခဲ့ ဒီအဆုံးမဲ့မီးလျှံထဲ
ပြန်လမ်းမရှိတော့တဲ့ဘဝ သစ်ထဲ ပျော်ဝင်ဖြတ်သန်းစီးဆင်းဆဲ
ခိုလှုံရာ အရိပ်နဲ့ လမ်းခွဲထွက် ဒါဟာဘဝရဲ့ ခရီးတွေပဲ
ရင်မှာမောပန်းခြင်းနဲ့ ဝဲလည်ရင်း ငါအိမ်ကို လွမ်းနေသူ

ငါအိပ်မက်ထဲထိ လွမ်းဆဲ ဘယ်တော့မှမရောက်နိုင်ခဲ့
အဖြူရောင်ချယ်တဲ့နှလုံးသားများ ဘယ်မှာရှာလို့တွေ့ လိမ့်မလဲ
ဒီပင်လယ်ကြီးဟို တစ်ဖက်ကမ်း ငါလှမ်းရင်းမှန်းမျှော်ဆဲ
ဒီရင်ကို ချည်သောကြိုးတင်းခဲ့ ငါအိမ်ပြန်ရန် မဖြစ်နိုင်သူ /ငါအိမ်ပြန်မရောက်နိုင်သူ

အို ကြေကွဲခြင်းနဲ့ ငိုရှိုက်တဲ့ညတွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူဝင်းနေသော ကောင်းကင်မှာ
ကြယ်ရောင် လင်းလက် တောက်ပနေဆဲ
အရောင်ပြောင်းလဲတဲ့တိမ်တိုက်တွေ
သယ်ဆောင်ရာခရီးဆက်ဆဲ
အိပ်မပျော်တဲ့ညတိုင်း
အတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ
ဒဏ်ရာရထားကြီးပြေးထွက် ဒီအဆုံးမဲ့မီးလျှံထဲ
ပြန်မဆုံနိုင်တဲ့ အသိက ရင်ကို အချိန်မှန်လှုပ်ခတ်နိုး
ငါအိမ်မက်ထဲထိ လွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
မောပန်းခြင်းနဲ့ ဝဲလှည်ရင်း ငါအိမ်ကိုလွမ်းနေသူ

3:30 AM 4/30/2013

No comments:

Post a Comment