Monday, April 29, 2013

နူးညံ့တဲ့အမိန့်တော်

ရေး - မြင့်မိုးအောင်

ဆို - လေးဖြူ၊ အငဲ

မျက်ဝန်းများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ခဏ မျက်ဝန်းများထဲ အချစ်ကိုတွေ့ရှိခဲ့ကြ
လောကကြီးနဲ့ အဆက်ဖြတ်ကာ လေဟာနယ်ထဲ
မိုးသားများအဖြစ် တို့နှစ်ဦးမျှောလွင့်သွားကြ
နှလုံးသားထဲ ထိန်းချုပ်မရ ပြေးထွက်မရ  အချစ်ရဲ့ဆွဲအား
ထူးဆန်းတဲ့တန်ခိုးများက တို့ကိုခေါ်ဆောင်သွားကြ

တိမ်လိုလွင့်မျှောလိုက် တိမ်လိုပြိုလဲလိုက် စေညွှန်ရာလွင့်ခဲ့
အချစ်ရဲ့လေညှင်းထဲ မင်းနဲ့ တို့နှစ်ယောက်ခရီးထွက်ခဲ့ နူးညံ့တဲ့အမိန့်တော်အတိုင်း

တိမ်လိုနိမ့်ဆင်းလိုက် တိမ်လိုမြင့်သွားလိုက် နာကျင်မယ့်ငရဲသား ကောင်းကင်ဘုံလေးလား
တို့နှစ်ယောက်အတူရွက်လွင့်ခဲ့ နူးညံ့တဲ့ အမိန့်တော်အတိုင်း
လေဟုန်စီးရင်း ရင်ခုန်တဲ့သီချင်း လောကကြီးရဲ့ဆွဲအားတွေ ငြင်းပယ်ရင်း
လမင်းလေးရဲ့ အလင်းမှာခိုလှုံရင်း အိပ်မက်လား တကယ်လား ရောထွေးသွားခြင်း

ပြေးထွက်မရ အချစ်ရဲ့ဆွဲအား
မင်းနဲ့တို့နှစ်ယောက်ရွက်လွင့်ခဲ့ နူးညံ့တဲ့အမိန့်တော်အတိုင်း

3:43 AM 4/30/2013

No comments:

Post a Comment