Wednesday, April 24, 2013

နတ်ရှင်နောင်

ရေး - ပြည်လှဖေ
ဆို - မျိုးမြင့်လေး

တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစားကြွားတစ်ခလူလူဝေ တပ်ဦးဆီမျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ

သေပါစေ ရင်ကိုမြေကတုတ်လို မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်းနဲ့ သူရဲကောင်းတို့ လက္ခဏာမြည်ပေ မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုပ် ဆင်ခလုပ် ကတုတ်တာတွေ အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်းနဲ့ စစ်စခန်းချရာမြေ

(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးစက်တွေ လေဝေ့လို တစ်ရွေ့ရွေ့ယူသလေ) တိမ်ဦးလေပြေ လွမ်းငွေ့ကိုစေ ဖော်မဆုံကျွမ်း လွမ်းစိတ်တွေဝေ ချစ်တဲ့သူ ဓါတု ကလျာဆွေ လွမ်းရတဲ့ စိတ်နဲ့ထင်မြင်မိစေတဲ့ ဘုရားတိုင်း စစ်ချီရတုတွေရေးလို့ ဩော်ကျေးငှက်ကိုစေလိုစေ ဖြေလည်းငယ် ပြေ ပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေရွက်မှာ တင်ရှာပေ

ပေါ်နွေလလျှင် တောင်ကချိမ့်မြူး
မင်းလွင်ဦးနှင့် ပြန့်ပြူးချုံဆိုင်း မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ စိမ်းဝါမိုးပန်း
တွေတွေစွန်းကျ ရေသွန်းသာကြည်
ပျော်ရမည်ကို မြရည်သတ်မှ
ရောက်ခဲ့လတ်ဟု ချစ်ထွက်တင်သည်
ပြာစင်မွန်လ ဖြူဝင်းမွတ်လျှင်
ကြာညိုဖယောင်းနေရှိန်ပြောင်းသို့
ဆင်လောင်းသွမ်းဂွမ် ရှိလိမ့်မှန်ကို
တိမ်ဆောင်လေလျှင် ဖူးရောက်ချင်သည်
ငှက်သွင်ပျံ့ကျွမတတ်သော

(ပိတောက်တွေ ရွှေရည်လူးကြမယ့်အနေ
ပုလဲငုံစံပယ်ဖြူ ဖူးခိုက်ဝေ
ပန်းမျိုးစုံရာသီကုန် ကူးခဲ့ပေါ့လေ
ချစ်သူကိုရည်စူး ခူးတဲ့လို့ချွေ)၂
ကိုယ်တိုင် လှရာရာရွေး ဆင်မပေးရ ဆံမြညှာကေ
စစ်မြေမှာ ကြာညောင်းရက်ရှည်
ရောက်မယ်အထင်နဲ့ မျှော်တဲ့သူပူဗျာပွေ
တတွေးတွေး ဆွေးရှာရော့မယ်လေ

(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးစက်တွေ လေဝေ့လို တစ်ရွေ့ရွေ့ယူသလေ) တိမ်ဦးလေပြေ လွမ်းငွေ့ကိုစေ ဖော်မဆုံကျွမ်း လွမ်းစိတ်တွေဝေ ချစ်တဲ့သူ ဓါတု ကလျာဆွေ လွမ်းရတဲ့ စိတ်နဲ့ထင်မြင်မိစေတဲ့ ဘုရားတိုင်း စစ်ချီရတုတွေရေးလို့ ဩော်ကျေးငှက်ကိုစေလိုစေ ဖြေလည်းငယ် ပြေ ပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေရွက်မှာ တင်ရှာပေ


2 comments:

  1. ဆင့်လောင်းလွမ်းဝှန် လုပ်ပါ။ ဘယ့်နှယ့် ဆင့်လောင်းသွမ်းဂွမ် ရတာတုန်း။
    နောက်ပြီး ရတုထဲက သတ်စပ်ကာရန်လေးတွေ ပြန်စစ်ပေးစေချင်ပါတယ်။

    ReplyDelete
  2. တေးရေးက ဆရာကြီးမြို့မငြိမ်းပါ မူရင်းတေးဆိုကမှ ပြည်လှဖေပါ :-)

    ReplyDelete