Thursday, April 25, 2013

စဉ်းစားပါဦး

ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်

ဟန်ဆောင်စကားတွေ ငါတစ်ခွန်းမှ မပြောခဲ့တာလည်းမင်းအသိပါပဲ
ဟန်ဆောင်အလှတွေငါတစ်ခုမှ မပြခဲ့တာလည်းမင်းအသိပါပဲ

နေချင်ရင်ကိုယ့်သဘောနဲ့နေ
မနေချင်ရင်သွားပေါ့ မတားပါဘူး
လူဆိုတာကိုယ်အကြောင်းနဲ့ကိုယ်
နေရာတိုင်းတစ်ယောက်အကြိုက်မလိုက်နိုင်ဘူး

တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဘူးတာလည်း  မမေ့လိုက်နဲ့အုံး
အချိန်ရှိသေးတယ် နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာစဉ်းစားပါဦး
နေချင်ရင် နေလိုက်ကြရုံ
မနေချင်ရင်သွားပေါ့မတားပါဘူး
လူဆိုတာမာနနဲ့ပါ
နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး

မလွယ်တာတွေ့ရင်ပို ခက်တဲ့ တခြားဘဝတွေကို ငဲ့ကြည့်ပါဦး
အလိုဆန္နတွေ မပြည့်လို့ အမုန်းမဖက်ခင်မှာ စဉ်းစားပါဦး

နေချင်ရင် ကိုယ့်အသိနဲ့နေ
မနေချင်ရင်သွားပေါ့ မတားပါဘူး
လူဆိုတာ သူစွမ်းသလောက်သာ
အရာရာတိုင်းတော့ လုပ်မပေးနိုင်ဘူး

11:10 PM 4/28/2013

စိုင်းထီးဆိုင်

No comments:

Post a Comment