Tuesday, April 9, 2013

တွေးမိတယ်

ရေး - ဆိတ်ကြီး၊ ဂျယ်ကြီး၊ ပြူး (အဲလက်စ်)
ဆို - အဲလက်စ်

အာကာသကျွန်တော်နဲ့ ပင်လယ်အောက်ကသူနဲ့
လေဟုန်စီးပြီး တွေ့မယ် ဘာဖြစ်လဲ

ဂဏန်းများ ပက်လက်သွားပြီး တောင်တွေပေါ်မှာ
ငါးကြီးတွေ အတောင်ဖြန့်လို့ကူးနေဆဲ

ဘာမှမသိသေးဘဲ အိပ်မက်တွေထဲမှာ မြောနေရတာပါဘဲ
စိတ်ထဲဝိုးတဝါးနဲ့
လောကရဲ့လမ်းပေါ် အသက်ရှုရတာ ဘာလဲ တွေးမိတယ်

ကန်တော်ကြီးကရေထိ ငါခုန်ဆင်းလိုက်တာနဲ့
ကြယ်တွေထကကြတာ ဘာသဘောလဲ

စက်ရုပ်တစ်ရုပ်က ဖျားနေတယ်
အပေါ်ယံဟန်ဆောင်အပြုံးများနဲ့
အဝါရောင်ပန်းတော့ မပေးပါနဲ့

No comments:

Post a Comment