Sunday, March 24, 2013

ပန်းချစ်သူ

ရေး - ကိုမောင်မောင်
ဆို - ခင်မောင်တိုး

လေပြည်ညင်းရယ် ငြိမ်သက်ဆဲ ညမှာ
အသာအယာတိုးလို့ တိုက်ခတ်နေ
သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ
ဆောင်ယူသယ်လာ လေညင်းရေ

ပန်းချစ်သူတို့လက်နဲ့ကွယ်
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်

အသာအယာဆွတ်ယူ ရင်မှာ သိမ်းထားမယ်
အိုလေ ပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ ပန်းချစ်သူ
ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ်

5:06 PM 3/20/2013

1 comment:

  1. Good Songs!
    By the way, please visit my website and read my articles too. Thanks. https://www.myanappstore.com/

    ReplyDelete