Sunday, March 24, 2013

ဧရာဝတီ

ရေး - ခင်ဝမ်း
ဆို - ခင်ဝမ်း

တိမ်တိုက်တွေရဲ့အဆုံး
အနောက်ဘက်က. အဝေး မိုးကုတ်တစ်နေရာမှာ
နေရောင်တချို့ ရှိနေသေး
မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ်
ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ
မှောင်မိုက်နေပြီ

အေးမြတဲ့ မြောက်လေကြောင်းကို
ဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့ ရှိမဲ့..
ခရီးဝေးကို ပျံသန်းခဲ့ရလို့
ပင်ပန်းခဲ့ပြီလား
ခရီးဖော် အပေါင်းအသင်းတွေနဲ့
မိုးမချုပ်မီ အိမ်ကို ပြန်ခဲ့ပြီ

ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)2
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်
ဧရာဝတီ ဧရာဝတီ ဧရာဝတီ

မှိုင်းညို့တဲ့ အေးမြခြင်း
လောကရဲ့ အမိုး ကောင်းကင်တစ်နေရာမှာ
ငွေကြယ်ကလေး လင်းလက်နေခဲ့
အပြာရောင်သမ်းနေတဲ့
ငွေညရဲ့အောက်
တစ်ကိုယ်တော် ခရီးကိုထွက်ဖို့
မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ

ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)၂
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်ဧရာဝတီ ဧရာဝတီ ဧရာဝတီ

5:07 PM 3/20/2013

No comments:

Post a Comment