ရေး - စိုးလင်း
ဆို - ဟဲလေး၊ D ယံ၊ အစ္စဏီ
မမျှော်လင့်ဘဲ
ဇွတ်ချစ်မိတာနင်ပါ
မျှော်လင့်ခြင်း
အဆုံးမသတ်သူဟာ နင်ပါ
အရာရာထက်
ငါ ဦးစားပေးခဲ့လည်း နင်မသိတော့ခံစားရ
ကြွေအောင်
ငါကပြောမပြတတ်တာ ယုံပါ
အနွံတာခံပြီးချစ်ပြပါ့မယ်
ယုံပါ
ဆုံလာသမျှကို
ဖွဲဆန်ကွဲသတ်မှတ်လို့ 
ငါ့ဘဝထဲမှာ
နင်ပဲရှိတယ် အိုး…
(ငါ နင့်ကိုသိပ်ချစ်တာပဲ ငါဘယ်သူမှ မချစ်ချင်ဘူး
ငါ
နင့်ကိုသိပ်ချစ်တာပဲ အမြဲပဲ တွေ့ ချင်တယ်
ကောင်မလေးရေ
မင်းကို ထာဝရပတ်သက်ခွင့်ပြုပါ )
ဆုံနေပေမယ့်
နီးခွင့်မရှိတာ ငါပါ
ကွယ်ရာမှာအမြဲ အသည်းကွဲနေတာ
ငါပါ
ငါဒီဘဝမှာချစ်ခွင့်မရှိခဲ့လည်း…
နင့်စိတ်ထဲမှာ ငါရှိပေးပါ
ဆိုင်သူရှိလည်း
ဝေးလို့ မသွားချင် ယုံပါ
မဆိုင်ပေမယ့်လည်း
အနီးဆုံးရှိချင် ယုံပါ
အရောင်တွေမရှိတဲ့
အချစ်နဲ့ ချစ်ခွင့်ပေး
သံယောဇဉ်မပြတ်လို
့ကွယ်
No comments:
Post a Comment