Friday, January 4, 2013

သိလား

ရေး -
ဆို - ခိုင်ထူး

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို
ဘယ်လိုမှ မမေ့နိုင်
သိလား

အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တစ်ရေးနိုးတဲ့အခါ ကွယ်ပျောက်သွားမှာ
တကယ် နှမြောမိတယ်
သိလား

ချစ်ရတဲ့သူ့ကို ဒါတွေသာပြောခွင့်ရရင်
ကြင်နာရမလား ရင်နာရမလားကွယ်
သိလား

သူ့ရဲ့အသံလေးတွေ ကြားနေဆဲ
နားထဲမှာ အချစ်ဆုံးရယ်
ဘယ်လိုမှမဖျောက်နိုင်
သိလား

အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လဲ
သူ့စိတ်ထဲမှာ ဘယ်လိုရှိမယ်
ကြိုတင်မတွေးရဲပါ
သိလား

သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့ နေနိုင်လား အချစ်ရယ်
သိလား

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ……..
ဒီသီချင်းအဓိပ္ပါယ် သိပါစေ…
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ……..
ရည်ရွယ်တဲ့အကြောင်းကို သူမြန်မြန်သိပါစေ
သူမြန်မြန်ကြားပါစေ…….

ကြင်နာရမလား ရင်နာရမလားကွယ်
သိလား

ချစ်ရတဲ့သူ့ကို လိုချင်တာ တောင်းခွင့်ရရင်
အကြင်နာသစ်ဆု အကြင်နာသစ်ဆုကို
တောင်းမယ်
5:11 PM 3/20/2013

1 comment: