Thursday, January 17, 2013

မိုး


ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - တက္ကသိုလ်မြကြီး

(
ဝသန်ခါမီ...လရာသီ...ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့...ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ ဟန်ချီ... မင်းလွင်စည်... ညိုရောင်မှောင် ခိုး... မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည်)

(
ဂျိုးဂျိမ့်သံ မာန်တင်းကာပ... အသူရာ သိကြားမင်းက စစ်ခင်းကာ ပြိုင်ကြပြီ) စိတ်မကျေနိုင်...အနိုင်လုတော့... အေးလှပါသည်... ထွေးစရာ့ ဗလာအထည်...(ဆွေး) ရတာရှည်...ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါဘဲ...မလုံ့ တလုံ့ ခြုံလွှာမွဲလို့... မစုံဖော်ကွဲ... သည်းကြေလုပြီ... သြော် ဘယ်ခါမှ... အတူတကွ နေရပါမည်... နွေးစရာ့အတည်... ဆွေနှမဒါလီ... ဝေးရပြီ...

(
လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်) (မသင့်တော်သလိုပါ့ တစ်မေခင်လွဲ) သြော်... ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ... (စွဲသူ့မျက်ရည် မျက်ရည်။ စွဲသူ့ရဲ့မျက်ရည်) ရက်ရှည်ရှည် ဆွေးတယ်လေး... သွေးကဲ့သို့နီ...

ပဇ္ဈန်ရယ်...သံစုံရင့်ကျူး...မြူးခဲ့ပြီ... လေဦးမိုးသက်ချီ... တရွေ့ရွေ့နဲ့... မိုးငွေ့တွေလေချီ... ငွေချည်ငွေပန်း... တန်းကာကျပြီ... ဆန်းစွာလှသည်... လွမ်းတာကရှည်... ပန်းလျဝေရီ... လွမ်းတလို့ပဲ... ဖြေမဆည် နိုင်တော့ပြီ...



1 comment:

  1. ခုလိုတင်ပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်..

    ReplyDelete