ရေး
-
ဆို - စိုင်းထီးဆိုင်
ဆန္ဒရယ် လိုလားမှုရယ် ထာဝစဉ်ရယ် မျှော်လင့်လျက်စောင့်နေလည်း
ကံခေတော့ ဝေးရောပေါ့ကွယ်
လူတကာတွေရယ်နေချိန်မှာ လူတကာတွေပြုံးနေချိန်မှာ ငါ့ဘဝတော့လေ
ငိုခြင်းအရိပ်အောက်မှာ မျက်ရည်လည်လည်
အဖေအမေဆိုလည်း အို ခေါ်စရာကိုမရှိတယ်
(ဝမ်းနည်းမိတယ် ရင်နာမိတယ် ငါ့ဘဝတစ်လျှောက်မှာလေ)၂
သူငယ်ချင်းရယ် အပေါင်းအသင်းများရယ် ခေါ်ချင်ပေမယ့်လည်းမျက်နှာငယ်
ခင်မင်ရင်းနှီးဖို့တော့ မရှိတယ်
လူတကာပျော်နေချိန်မှာ လူတကာတွေမြူးနေချိန်မှာ ငါ့ဘဝတော့လေ
အမှောင်ထုရဲ့ အတွင်းနက်မှာ ကျနေပြီပဲ
ခရီးသွားရမယ့် အဖော်ဆိုလည်း တကယ်မရှိ နတ္တိပေါ့လေ
ငွေဂုဏ်ဆိုလည်း ဝေလာမှ ဝေးရော
(စိတ်ညစ်မိတယ် ပျော်မရွှင်ခဲ့တဲ့ မွဲတဲ့ဘဝမှာလေ)၂
ကြင်နာမှုရယ် အချစ်စိတ်နဲ့ရယ် လိုချင်ပေမယ့်လည်း
မထိုက်တန်တော့ ကြင်နာစိတ်ရှိခဲ့လည်းကွယ်
လူတကာကြည်နေချိန်မှာ လူတကာတွေတွဲနေချိန်မှာ ငါ့ဘဝတော့လေ
ဆိုတေးရဲ့ အလွမ်းအောက်မှာ ဆွေးနေမှာပဲ
ရှေ့ဆက်ရမယ့် ခရီးတွေလည်း ကံအကြောင်းနဲ့ရှိပေါ့လေ
မှီခိုစရာစရာလည်း အို နေရာမှန်မရှိတယ်
(ဖြစ်သမျှအကြောင်းတွေ ရင်နာမိလည်း မထူးခြားတော့ပြီပဲ)၂
ရှေ့ဘဝအဆက်ကကုသိုလ်လည်း တကယ်မပြည့်ဝခဲ့တော့လေ
အဖေအမေဆိုလည်း အို ခေါ်စရာကိုမရှိတယ်
(ဝမ်းနည်းမိတယ် ရင်နာမိတယ် ငါ့ဘဝတစ်လျှောက်မှာလေ)
mmlyric.blogspot.com

(စိတ်ညစ်မိတယ် ပျော်မရွှင်ခဲ့တဲ့
မွဲတဲ့ဘဝမှာလေ)
(ဖြစ်သမျှအကြောင်းတွေ
ရင်နာမိလည်း
မထူးခြားတော့ပြီပဲ)
(ဝမ်းနည်းမိတယ်
ရင်နာမိတယ်
ငါ့ဘဝတစ်လျှောက်မှာလေ)
mmlyric.blogspot.com
No comments:
Post a Comment