Tuesday, December 6, 2016

ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး

ရေး -
ဆို - စိုင်းထီးဆိုင်


ခေါင်မိုးကမလုံတော့ မိုးဒဏ်ကို ပိုခံနေရတာ အမှန်ပဲ
ဒါပေမယ့် မိုးရွာတဲ့အကြောင်းဟာ
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး

ဆီမီးခမ်းတုန်းမို့ ညသန်းကောင်ဟာ ပိုမှောင်နေရတာအမှန်ပဲ
ဒါပေမယ့် လကွယ်တဲ့အကြောင်းဟာ
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး

လောကရဲ့ ထာဝစဉ်ပြောင်းလဲခြင်းအောက်မှာ
ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှု သဘောနဲ့
အဆင်ပြေအောင် နေနိုင်ဖို့ပဲ

လူတန်းစေ့မရှိတော့ ဘဝဒဏ်ကို ပိုခံနေရတာအမှန်ပဲ
ဒါပေမယ့် ပြဿနာဖြစ်တိုင်းဟာ
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး

အထင်သေးတဲ့အကြည့်နဲ့ကြည့်တဲ့သူကို ဆင်ခြေတွေပေးလို့ အပိုပဲ
ဒါပေမယ့် စကားတစ်ခွန်းတော့ပြောမယ်
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး
 
လောကရဲ့ ထာဝစဉ်ပြောင်းလဲခြင်းအောက်မှာ
ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှု သဘောနဲ့
အဆင်ပြေအောင် နေနိုင်ဖို့ပဲ

လူတန်းစေ့မရှိတော့ ဘဝဒဏ်ကို ပိုခံနေရတာအမှန်ပဲ
ဒါပေမယ့် ပြဿနာဖြစ်တိုင်းဟာ
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး

အထင်သေးတဲ့အကြည့်နဲ့ကြည့်တဲ့သူကို ဆင်ခြေတွေပေးလို့ အပိုပဲ
ဒါပေမယ့် စကားတစ်ခွန်းတော့ပြောမယ်
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး










No comments:

Post a Comment