Tuesday, December 6, 2016

မောင့်တစ်ပတ်နွမ်း



ရေး -
ဆို - စိုင်းထီးဆိုင်

ဟောင်းပေမဲ့လည်းကောင်းနေဆဲပါပဲ မသစ်ပေမဲ့လည်းကိုယ်အချစ်မလျော့ပါတယ် ကိုယ်ဟာမင်းရဲ့ပထမဆုံးမဖြစ်တောင်မှ ကိုယ်ဟာမင်းရဲ့နောက်ဆုံးသူတော့ဖြစ်ကောင်းဖြစ်မယ်
မောင့်တစ်ပတ်နွမ်းရယ်

အရှုံးကိုပိုက်ပြီးအားငယ်နေသူရယ် ပြုံးလာတဲ့အထိကိုယ်တိုးချစ်ပါမယ်
ကိုယ်ဟာမင်းရဲ့အရင်ပျော့ကွက်အပေါ် မှာဘယ်လိုမှအခွင့်အရေးမယူဘူးတကယ်စိတ်ချကွယ်
မောင့်တစ်ပတ်နွမ်းရယ်

ဒဏ်ရာဟောင်းကိုရေဆေးပစ်ပါ့မယ် ဒဏ်ရာဟောင်းနဲ့နာကျင်ခြင်းရဲ့နောက်ဆုံးနေ့ပဲ ရာဇ၀င်ဟောင်းကိုမြေမြုပ်ပစ်လိုက်မယ် ရာဇ၀င်ဟောင်းနဲ့မှိုင်တွေခြင်းရဲ့ဇာတ်သိမ်းခန်းပဲ

(
မောင့်တစ်ပတ်နွမ်း)


ခေါင်းလေးငုံ့ပြီးဘ၀ပုံလာသူရယ် မင်းသာကိုယ်ကိုပိုင်စိုးထိုက်ပါတယ် အနိုင်ယူခြင်းနဲ့ အို မရှုံးပါရစေနဲ့
တူညီတဲ့အဆင့်နဲ့ပေါင်းချင်တယ် မပိုမလျော့ဘူးကွယ် မောင့်တစ်ပတ်နွမ်းရယ်

(
ဒဏ်ရာဟောင်းကိုရေဆေးပစ်ပါ့မယ် ဒဏ်ရာဟောင်းနဲ့နာကျင်ခြင်းရဲ့နောက်ဆုံးနေ့ပဲ
ရာဇ၀င်ဟောင်းကိုမြေမြုပ်ပစ်လိုက်မယ် ရာဇ၀င်ဟောင်းနဲ့မှိုင်တွေခြင်းရဲ့ဇာတ်သိမ်းခန်းပဲ
(
မောင့်တစ်ပတ်နွမ်း)

mmlyric.blogspot.com


No comments:

Post a Comment