Tuesday, December 6, 2016

ကြင်ဖူးစားမမည်လို့ပဲလား



ရေး - စိုင်းခမ်းသီ

ဆို - စိုင်းထီးဆိုင်

စာလွှာတွေတသီတတန်းနဲ့ပါးခဲ့လည်း မမြင်နိုင်သူလွင့်မျောခြင်းခရီးအစမှာလက်ထဲကိုရောက်လို့လာ
အသေအချာကွယ်ကိုင်ခါဖတ်ရ အဆုံးအဖြတ်တွေသိရ တဲ့အချိန် အခါတွေလွန်နှောင်းနေပြီ
မညားထိုက်လို့လေလားမဆုံထိုက်လို့လား ခင်ဖူးစာမမည်လို့ပဲလား
မှာစရာတွေရင်မှာအပြည့်နဲ့ရောက်ခဲ့လည်း အတူထိုင်ကာဖွင့်ဟဖို့မဖြစ်ခဲ့တယ် မင်းတစ်ယောက်ရဲ့မရှိခိုက်တဲ့အကျိုး ရည်ရွယ်သလိုအတုလျှောကလှမ်းဖို့ ကမ်းလက်ကိုပေးခဲ့လည်းလေ
နင်ဟာအဆင်မသင့်နိုင်တယ် မစိုးဖို့ထိုက်တာလားမပန်ထိုက်လို့လားရေစက်ကယ်ကုန်လို့ပဲလား
အချစ်ဦးပေမယ့်လည်းလေပေါင်းဖို့ကံ ပါမလာတော့ကြိုးစားပေမယ့်လည်းအချည်းနှီးပါ
သစ္စာရယ်ဘယ်သူမဖျက်လည်း ဇာတ်ဆရာကိုမလွန်နိုင်ကြတော့နီးလျှက်နဲ့ဝေး ဝေး ဝေးခဲ့လေပြီ
မောင်နှစုံရှေးဘဝကကောင်းမှုရယ် ပါရမီအတူမဖြည့်စည်းခဲ့ရလို့လားချစ်ရက်နဲ့လွဲရတာ

နောင်သံသရာအဖန်ဖန်အဆက်ဆက် နှစ်ဦးသားမှာပေါင်းဖက်ပါရစေ မျှော်ရင်းဆုတောင်းနေမယ်
ပြည့်မပြည့်ကုသိုလ်ပဲ ဝေဒနာတွေအကုန်ဒီဘဝမှာ ခံယူလိုက်မယ်
အချစ်ဦးပေမယ့်လည်းလေပေါင်းဖို့ကံ ပါမလာတော့ကြိုးစားပေမယ့်လည်းအချည်းနှီးပါ
သစ္စာရယ်ဘယ်သူမဖျက်လည်း ဇာတ်ဆရာကိုမလွန်နိုင်ကြတော့ (နီးလျှက်နဲ့ဝေး ဝေး ဝေးခဲ့လေပြီ)




No comments:

Post a Comment