Friday, December 2, 2016

ရည်းစားဦးဇာတ်လမ်း

ရေး - မင်းချစ်သူ
ဆို - ဇော်ဝင်းထွဋ်

အချစ်ရဲ့အစ ဘဝကလူရည်မလည် အရွယ်ငယ်ငယ် ရိုးသားတဲ့အသက်အရွယ်
အိုး စကားပြောတတ်စ အသည်းနုနု အတွေးနုနု အချစ်ကလေးနုနယ်
ဟိုတုန်းကတော့အသည်းကအဖြူရောင်ပါဝေသနာရယ် ဆေးစက်တို့စွန်းထင်
အို   စုတ်ချက်ကြမ်းကြမ်း ရေးဆွဲခဲ့ ကိုယ်ရဲ့ဘဝ ပန်းချီကားတစ်ချက်ကွယ်
အခုတော့ဖြင့်တို့နှစ်ယောက်တစ်နေရာဆီ ကိုယ်ဆီကိုယ်ဆီ အချစ်သစ်တွေ့ကြသည့်တိုင်
ဟိုးမမေ့နိုင်သေးတဲ့ ဟိုး   ဘဝက ရည်စား ဦးဇာတ်လမ်းလေးပါကွယ်
သူဘယ်မှာလဲသတိရနေတယ် တခ်ခါတစ်လေတော့လည်းလွမ်းမိပါတယ်
ပြီးဆုံးခဲ့အဖြစ်အပျက်တို့ အသစ်ဖြစ်ဖို့မလွယ်ကူတာမှန်ပေမယ့်

သူဘယ်မှာလဲသတိရနေတယ် တစ်ခါတစ်လေတော့လည်းလွမ်းမိပါတယ်
ဟောင်းခဲ့အချစ်သစ်ဖြစ်ဖို့ မတောင့်တလည်း စဉ်းစားတိုင်း   နှမြောတသ လွမ်းဆွတ်လို့  
အို   သတိရနေတယ်
ရင့်ကြက်မှုရယူချိန် ဒီအရွယ်မှာအချစ်နဲ့ ပတ်သတ်ရင် ရဲရင့်မှုမရှိတော့ဘူး
ဆုံးဖြတ်ချက်ချဖို့အရေး ကိုယ်အမြဲပဲတွေဝေ ရင်ခုံနှုန်းများလည်းနှေးကွေးလာသလိုပင်
ဆင်ခြင်မှုအချစ်ထိန်းသိမ်းလို့ချစ်တာ ဟိုတုန်းကလောက်မကောင်းဘူး တတ်ကြွတဲ့လွတ်လပ်အချစ်ပြန်အောက်မေ့တယ်




No comments:

Post a Comment