Saturday, November 26, 2016

အမုန်းမြို့ရဲ့အဝေးမှာ

ရေး - မြင့်မိုးအောင်၊ ကိုညီထွဋ်
ဆို - ဇော်ဝင်းထွဋ်

ပြောင်းလဲခြင်းကမ္ဘာထဲ ဟောင်းနွမ်းတဲ့ အတွေးတွေ
လွှင့်ပစ်လိုက်ကြပြီ ဘယမှ အသုံးမဝင်တော့ဘူးလေ
ပြောင်းလဲခြင်းတရားကို စိုးရိမ်နေသူလေး
ဒီရင်ခွင်မှာ အချစ်တွေ ပြောင်းလဲမသွားဘူး

အမုန်းမြို့ရဲ့အဝေးမှာ အတူနေမယ် အချစ်ရေ
ယုံကြည်ပါ အချစ်လေး မင်းနဲ့မခွဲဘူး
အမုန်းမြို့ရဲ့ အဝေးမှာ ပျော်နေပါ အချစ်ရေ
ကမ္ဘာပြိုချင်ပြိုပါစေ မင်းအနားမှာ ရှိနေမယ်

သီချင်းဟောင်းလေးတွေလည်းမေ့ပစ်လိုက်ကြပြီ
ခေတ်နဲ့လိုက်ဖက်အောင် ဖက်ရှင်အဟောင်းတွေကျန်ခဲ့ပြီ
ဟောင်းနွမ်းနှလုံးသားလေးသာ မပြောင်းပါအရင်လိုပဲ
အကြင်နာချစ်ခြင်းတွေမင်းအတွက် အမြဲပဲ
          
တို့နှစ်ယောက်ရဲ့ ကမ္ဘာထဲ အချစ်စစ်က လွဲရင်
အမုန်းရဲ့အကြောင်းတွေကို အိပ်မက်တောင်မမက်ဘူးလေ
မိုးလင်းသွားတိုင်းမှာ အားလုံးဟာ မသေချာလည်း
သေချာတာရှိတယ် တို့နှစ်ယောက်ရဲ့အချစ်


No comments:

Post a Comment