Tuesday, December 31, 2013

ဝေးနေတုန်းပဲ

ရေး - ဘဲဥ
ဆို - ဘဲဥ၊ အိမြတ်

ငွေစန္ဒာဆီရောက်ဖို့ စင်ရော်ငယ်တောင်ပံဖြန့်လို့ လေအဟုန်က ရင်ကိုခွဲထွက် ဝေဟင်မှာ ဇီဝိန်ကျိုးပဲ့
ငါဘယ်လိုမသေအောင်ကြိုးစား နေချင်တဲ့နင်နဲ့ဝေးရ ဝေဒနာတွေ ရင်မှာပြည့်ကျပ် ငိုသံတွေလည်မျိုအက်ကွဲလို့
လမင်းမင်းကြောင့်လား စင်ရော်ငှက်ရင်ကွဲသေတာ ဒါကိုငါရူးအောင်ပြုစားခဲ့တာ နင်ပဲနေမှာ ရတယ် သူငယ်ချင်း
အဆင့်လောက်တောင်မခင်လည်းနေ ပါ ငါ့ကိုမတားနဲ့ ဆက်ပြီးချစ်နေဦးမှာ ဒါပေမယ့် နင့်အတွက်ငါက
အနှောင့်အယှက်လိုထပ်ပြီးသာ ဖြစ်နေဦးမှာ နင့်ဘက်က မပေးချင်တဲ့အချစ်
အတင်းကြီးငါလုမကြိုက်ဘူး စိတ်ချ ငါတို့တွေ ပတ်သက်သမျှ အတိတ်ကကိစ္စ ခေါင်းထဲမှာပေါ်လာတိုင်း
ညညငါအိပ်မရ အရူးတစ်ယောက်လို အချစ်သီချင်းတွေ
ဟစ်ကြွေးနေဦးမယ် ငါ့အချစ်ကို နတ်ဘုရားတွေ စစ်ဆေးနေတုန်းပဲ မိုးလင်းထိ သူတို့ငါ့ကို အပြစ်ပေး
နေတုန်းပဲ တစ်ရေးနိုးတိုင်း ပြန်ချစ်မလား ယောင်ပြီးမေးနေဦးမယ် နင်ကတော့ အိပ်မက်ထဲတောင် ရှောင်ပြီး ပြေးနေတုန်းပဲ အတွေးကမ္ဘာ မျောရင်းနဲ့ငါ ကြောင်ပြီး ငေးနေဦးမယ် ဒီလိုနဲ့ အတွေးတွေ မဆုံးခဲ့
ဖြစ်မလားလည်း ဆွေးနွေးရုံပဲ တွေးနေရင်းသတိဝင်လာတော့ ငါတို့ဝေးနေတုန်းပဲ
ဒါတွေ နင်သိခဲ့ရင် အထင်တွေသေးမှာလား ဒါမှမဟုတ်ရင် ငါတို့နှစ်ယောက် အခြေအနေ
ဝေးမှာလား မသေချာမရေရာတဲ့ငါ ရင်တွေလေးလာကာ မျှောလင့်ချက်အရိပ်အယောင်တောင်
မြင်မနေသေးပါကွာ ငါကတော့ ငါ့မာနကို ဆင်မခြင်ဘေးမှားထား ဖွင့်ပြောရင် အဖြေပေးမယ်လို့
အထင်အမြင်အတွေးတွေကမှား  နင်အခါခါဆင်ခြေပေးတာက ရည်းစားဆိုတာကြာလာရင် အနေဝေး
မှာပါ ဒီအတိုင်းဆင်နေရအောင်တဲ့ ငါကမှမနေချင်တာ မိတ်ဆွေတွေဘဝ အသိဘဝတွေ ဘာဘဝမှ
မနေချင်ပါ ရှင်းရှင်းပဲပြောမယ် နင်နဲ့ပဲနေချင်တာ ဒီတစ်သက် နင့်မေတ္တာကို မမြင်ပဲနဲ့မသေချင်ပါ
မရခဲ့လို့ သေရင်တောင် မသေခင် နာရီကို ကြောက်လို့ငါလာခဲ့မယ် ငါ့လိပ်ပြာမကြွေခင်မှာ အချိန်မီ
ရောက်ဖို့ လေအဟုန်ကရင်ကိုခွဲထွက် ဝေဟင်မှာ ဇီဝိန်ပျောက်လို့ ငါ့ဝိညာဉ်ဆက်ပျံနေဆဲ ငွေစန္ဒာဆီကို
ရောက်ဖို့
လည်မျိုတွေ ကွဲလို့သွားလည်း ငါငိုနေမှာပဲ ဘယ်သူမှမတားကြနဲ့ ငါဆိုနေတာလည်း နင်ရှိပဲ တစ်ယောက်တည်းပဲ
ငါဘယ်လိုနေရမလဲ နင်ပေးမယ့် နင့်မေတ္တာကိုသာ လိုနေတာပဲ ဒီသီချင်းကို ဆိုနေရင်းနဲ့ လာကြိုနေတာလည်း
အချိန်တွေပဲ ကုန်သွားတယ် ဒါအပိုပါပဲ ကဲပါ ငို မနေပါနဲ့  လောကမှာ အချစ်ဆိုတာဟာ ဒီလိုတွေပါပဲ
ဒီလိုပါပဲကွာငိုမနေပါနဲ့ အားလုံးဝိုင်းတားနေကြလည်း  ငါငိုနေမှာပဲ ဒီသီချင်းကို က်ပြီးတော့သာ ဆိုနေမှာပဲ
သူနေချင်တာ ငါ့ဘဝရဲ့ အစ်ကိုနေရာတဲ့ ပြဿနာမရှိပါဘူး ငါကလည်း ရိုးသေတာပဲ ငါသူ့ကောင်မလေးကြိ
ဘာဖြစ်လို့ မနာလိုနေတာလဲ သူ့ရဲ့ ဂရုစိုက်မှုကို ဘာဖြစ်လို့ ဒီ့ထက်ပိုပြီး လိုချင်တာလဲ ငါ့နားထဲ သူ့အသံက

ဘာဖြစ်လို့ ချိုနေတာလဲ ပြောရင်းနဲ့ ငိုချင်လာပြီ ဘာလို့ငိုချင်တာလဲ

No comments:

Post a Comment