Tuesday, December 31, 2013

မင်းအတွက်ကြောင့်

ရေး - ရည်မွန်
ဆို - နိုး

(ရင်အစုံမှာ ယုံကြည်စွာ ချစ်ခဲ့တာ ငါ့အသည်းလေးလန့်ကာကွဲကျ အချိန်
တိုင်းကိုထာဝရ မင်းလေးအတွက်စဉ်းစားပေးဆဲ ဘယ်သူတွေကတားဆီး
မလဲ အရာရာကိုငါ အရှုံးပေးမယ် နေရာတကာမှာ မင်းလေးအတွက် ငါ့ခေါင်းထဲမှာ
မင်းအတွက်အစဉ်အမြဲ)

မင်းသိမှပေါ့ ငါ့အချစ်တွေက အလကားဖြစ်နေတာ ညညဆို ငါတစ်ယောက်တည်းသတိတွေရပြီး
မျက်ရည်ကျလွမ်းရမှာကြောက်နေလည်း အခုတော့ ငါလွမ်းနေရတယ် ဟိုတုန်းကအခြေအနေကို
တည်မြဲအောင် မလုပ်နိုင်ခဲ့ အဆိုးဆုံးအချိန်ရောက်နေပြီး ငါချစ်တာ မင်းကိုပဲ အတည်စဉ်းစားပေးပါ
နောက်ထပ်နင်ပြောသမျှခေါင်းညိမ့်မှာ မင်းနဲ့ ခဏဝေးရတာ ငါ့အတွက်တော့ တကယ်မရဲပါ မင်းပျော်အောင်
ထားပေးဖို့ဆုံးဖြတ်ပြီး နေတော့မှာ

(ညညဆို ငါငိုနေတုန်း ကြယ်တွေကြွေပြီး မင်းအတွက်ယူဆောင်ဖို့ အဖြူရောင်လေးဟာ
ငါ့ရဲ့ထာဝရလက်ဆောင်ပါ မင်းစိတ်ရှုပ်ချိန် အဖော်ဆိုတာမရှိရင် တမ်းတလိုက်လေ ငါဆိုတာရှိမယ်
ငါ့ရဲ့အချစ်ကို အဆင်ပြေသလိုသုံးလိုက်တော့ ငါအရိပ်လို အမြဲနေမယ်)

ပျော်နိုင်ပါ မင်းရှိနေတုန်းကို ငါ့စိတ်တွေမရေရာပါ သေချာအောင် ထပ်ထပ် ငါပြန်စဉ်းစား
အပြစ်ရှိတာ ငါလားမမှားခဲ့တာ တကယ်ပါ ငါ့ဘက်ကနေပြီး တွေးပြီးတော့ စာနာပါ
အဆုံးသတ်မှာ လမ်းခွဲကာ ထားခဲ့ပေါ့ မင်းဘက်မှာတော့ ပျော်နေတယ် ရှိပါစေတော့
အိပ်မရဘဲ ပူလောက်ကာ အတွေးတွေဟာ မပျော်ပျက်နိုင်လို့ ငါ့ဆီကို ပြန်လာပါ


No comments:

Post a Comment