Friday, December 20, 2013

အသည်းကွဲရေဒီယို

အသည်းကွဲရေဒီယို

ရေး - မောင်မောင်ဇော်လတ်၊ ညီညီစံ၊ ဝေယံ
ဆို - မောင်မောင်ဇော်လတ်၊ ညီညီစံ၊ ဝေယံ

ဘဝနုပျိုစဉ်အချိန်ကာလများ
ကွင်းပြင်ကျယ်တွေ ငါဟာဖြတ်သန်းရင်း
ကြားတယ်ရေဒီယိုသီချင်းလေးတစ်ပုဒ်ကို

အလင်းရောင်တွေကိုချည်နှောင်တဲ့ကြိုး
ကောင်းကင်ပြာဆီ အတောင်ပံခတ်တုန်း
ကြားတယ်ရေဒီယိုသီချင်းလေးတစ်ပုဒ်ကို

ကျောက်ဆောင်တွေလိုရင်ဆိုင်ကျင့်သုံး
ကမ်းခြေတွေမှာခြေရာကောက်တုန်း
ပျောက်ကွယ် ရေဒီယိုသီချင်းလေးတစ်ပုဒ်ရယ်

ပိုက်ကွန်တွေလိုဓဏ်ရာသင့်အမုန်း
ရပ်တည်နေချိန်ယိုင်လာတဲ့အဆုံး
ပျောက်ကွယ် ရေဒီယိုသီချင်းလေးတစ်ပုဒ်ရယ်

ငယ်ရွယ်စဉ်ကလေးဘဝအိပ်မက်များပျောက်ရှတမ်းတလည်းပဲ
နောက်ကျခဲ့ရရင်ခွင်မှာ ရေဆာသလိုကွယ်ရာမှာ အခါခါငို]
ရေဒီယိုသီချင်းလေးတစ်ပုဒ်ကိုတမ်းတခဲ့
အသည်းကွဲရေဒီယို

တန်ဖိုးမရှိတဲ့ဆုံးဖြတ်ချက်နဲ့အသုံးချခဲ့တာသုံးရက်
ရုတ်တရက်ဟိုအဝေးကကြားလိုက်ရတဲ့သီချင်းတစ်ပုဒ်အတွက်
ရလိုက်ရတဲ့အသိတစ်ခုကဝေဒနာများစွာတိုးစေခဲ့
ရိုးပေမယ့်အငြိုးတွေနဲ့ ကြာလေကြာလေဆိုးလေပဲ
ပြန်ပြောစရာစကားမရှိပါ ညနက်ကြီးရဲ့လမ်းမထက်မှာ
လျှောက်ကာသွား လောကဓံတရားဖိစီးနေတဲ့သူတွေများ
ရုန်းထွက်ဖို့ ငါမကြိုးစားတစ်ခါတစ်လေတော့ ကြားချင်သား
ဟိုစဉ်တုန်းကစွဲလမ်းမိတဲ့ရေဒီယိုကသီချင်းတွေလား

http://mmlyric.blogspot.com/


No comments:

Post a Comment