Sunday, December 15, 2013

အရုပ်မ

ရေး - လင်းလင်း
ဆို - ဂျင်းနီ

Key; C
Intro:/Am G F E/

Barbie Barbie Barbie Dolly Dolly Dolly
Barbie Barbie Barbie Dolly Dolly Dolly
သန်းခေါင်ယံအချိန်မှာ ငါ နိုးထ ငါ့နှလုံးသားဟာ ခုန်၏
ငါကြင်နာတာ ငါ ချစ်ခဲ့တာ ဖွင့်ပြောဖို့ရာ လူမရှိ
ဟန်ဆောင်နေမယ် နေ့ခင်းဘက်မှာငါ အရုပ်တစ်ရုပ်လိုနေ၏
ရင်ခုန်သံမြန်စေတဲ့ နင့်နှုတ်ခမ်းဖျားကို ငါ မတွေ့လိုက်သလို နေ၏
တိတ်ဆိတ်တဲ့ည တဒိတ်ဒိတ်နဲ့ ငါ့ရင် ခုန်တာ ဘယ်သူမှမသိ
ဒီအတိုင်းချည်း အသည်းကွဲရတော့မလား အိုး ဟိုး

နား နား နား နာ အရုပ်မ မင်းနဲ့မချစ်ရဘူး
နား နား နား နာ ညညထထ သီချင်းတွေဆိုရင်းရူး
နား နား နား နာ အရုပ်မမင်းနဲ့မနမ်းရဘူး
နား နား နား နာ ညညထထ သီချင်းတွေဆိုရင်းရူး

ကြင်နာတဲ့အကြည့်တွေ ညင်သာတဲ့ အထိအတွေ့
ရင်နာတယ် ဘေဘီ တို့ မတုန့်ပြန်ဘူး
ငါ့ကိုယ်ငါမပိုင်တဲ့ အရုပ်လေးတစ်ရုပ်ပါ အိုး ဟိုး
နား နား နား နာ အရုပ်မ မင်းနဲ့မချစ်ရဘူး
နား နား နား နာ ညညထထ သီချင်းတွေဆိုရင်းရူး
Music; Am G F E/
ဟန်ဆောင်နေထိုင် ကမ္ဘာမြေပေါ်မှာ
တစ်ခါတစ်လေ ငါလေ  ရင်မှာနာကျင်စွာ
ရင်ခုန်သံကိုတစ်ကိုယ်တော်ကြေငြာ
အိပ်မက်လိုအခုညလေး အားလုံးအိပ်ချိန်မှာ

ငါကြင်နာတာနင်မသိ ငါရင်နာတာနင်မရှိ
ကြယ်ရောင်တွေကိုမော့ကြည့်သီချင်းလေးဆို
ငါဆိုနေတာနင်မသိ ငါငိုနေတာနင်မကြည့်
ငါဒီလိုသာ အပူမိ အို ဆွေးငိုညဆို

မင်းနဲ့ငါ့ဘဝစည်းခြားပြီးသားပါ ငါ အရင်အတိုင်း အရုပ်မ
အပြုံးနဲ့အသည်းကွဲရတော့မလား အိုး ဟိုး
သန်းခေါင်ယံအချိန်မှာ ငါ နိုးထ ငါ့နှလုံးသားဟာ ခုန်၏
နေရောင်တွေလာရင် ငါ မဟုတ်ခဲ့သလို ငါ အရုပ်တစ်ရုပ်လိုနေ၏




No comments:

Post a Comment