Saturday, December 28, 2013

လွန်ဆန်ဖို့မအောင်မြင်ဘူး

လွန်ဆန်ဖို့မအောင်မြင်ဘူး

ရေး - သအို
ဆို - အငဲ

ငါစိတ်တိုင်းကျ ငါ့ကားနဲ့ကိုယ်တိုင် နှင်မောင်း ဘဝလမ်းထဲ
တိမ်လိုရွက်လွင့်ပေါ့ပါးဆဲ ငါ မငြိတွယ်ဘူး အချစ်ကြိုးနဲ့

ရင်ခုန်ခြင်းရဲ့အကွေ့လမ်းထဲ ငါဘယ်လိုကျွံပြီးဝင်ခဲ့မိ
ကြင်နာခြင်းအပြည့် နွံတောထဲ အလိုလို ဝင်တိုး နစ်မွန်းခဲ့

ငါပြန်ကြည့်မှတစ်ကိုယ်လုံးနစ်မြုပ်ခဲ့ပြီ

အချစ်စိတ် လွန်ဆန်ဖို့ မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ် ဆူး

ငါစိတ်တိုင်းကျ ငါ့ကားနဲ့ကိုယ်တိုင် နှင်မောင်း ဘဝလမ်းထဲ
ကြင်နာခြင်းအပြည့် နွံတောထဲ အလိုလို ဝင်တိုး နစ်မွန်းခဲ့

ငါပြန်ကြည့်မှတစ်ကိုယ်လုံးနစ်မြုပ်ခဲ့ပြီ

အချစ်စိတ် လွန်ဆန်ဖို့ မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ် ဆူး

မငြိုငြင်ဘူး ဒီဘဝကြီး လိုရင် မင်းယူကြိုက်သလို
ပူလောင်လည်း ဒီအချစ်မီး ငါဝင်တိုး ဖလံပိုးများလို

အချစ်စိတ်လွန်ဆန်ဖို့မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ်ဆူး
မီး ထဲ ပူလောင်လည်း ပျော်ဝင်မိ ဇွတ်တိုးပြီး ချစ်မိ
အချစ်စိတ် အရူးစိတ် အချစ်စိတ် ဇွတ်ချစ်မိ
အချစ်စိတ်လွန်ဆန်ဖို့မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ်ဆူး

http://mmlyric.blogspot.com/



No comments:

Post a Comment