Sunday, December 15, 2013

ငါ့ရဲ့အိပ်မက်တစ်ခုကိုရှင်းပြခြင်း

ရေး - လင်းလင်း
ဆို - ဟန်ထွန်း၊ သအို၊ လင်းလင်း

Key: A
Intro:|| A Em G ||

A
ဘယ်သူမှားတာလဲငါ မသိတော့
    Em                        G
အို သိပ်ကြာတော့လေ အငြိုးတွေ ဖြစ်ရတာ
A   
ထားလိုက်ပါတော့ ငါ့ အမှားပေါ့
     Em                 G                             A Em G
ပြန်ရှင်းနေ ရှင်းနေရင်းနဲ့ ရှုပ်ထွေးလို့သွားနိုင်တယ်

ဘယ်လောက်ကြာထိအောင် တို့နှစ်ယောက်
သံသယတွေကြားမှာ အသက်ရှုမဝဖြစ်ကာ
ညအမှောင်ထဲ ထိုင်ကာတွေးကြည့်တော့
အခုလို ဝေးနေရတာလည်း အကောင်းဆုံး ဖြစ်မှာပါ

A
နာ နား နား နာ နား နာ နား နား နာ
G                                  D
မင်းအကြောင်းတွေ သတိရရင် သီချင်းများ ဆိုညည်း ဖြစ်တယ်
A
နာ နား နား နာ နား နာ နား နား နာ
G                                   D
မင်းအကြောင်းတွေ အိပ်မက်ရင် သီချင်းများ ဆိုညည်း ဖြစ်တယ်
A
နာ နား နား နာ နား နာ နား နား နာ
G                                    D                                 F       C       D
မင်းအကြောင်းတွေ အိပ်မက်ရင် သီချင်းများ ဆိုညည်း ဖြစ်လို့ပါ ဆိုညည်းဖြစ်လို့ပါ

Music: || A Em G ||
စိတ်ပြေဖို့ရာ နင်စဉ်းစား
မပြောကောင်း ပြောကောင်း တို့နှစ်ယောက် တကယ်ဝေးခဲ့ရင်
တွေးမိရုံနဲ့လေ သိပ်ကြောက်တယ်
ထားလိုက်ပါတော့ အရာအားလုံး အကောင်းဘက်က ဖြစ်မှာပါ
မသိသလို ဖုံးကွယ်မထားနဲ့
ငါ့လိုပဲ ညတိုင်း နင် အိပ်လို့မရရင်
စိတ်အနာဖြစ်မယ် စဉ်းစား
ဘာမဟုတ်တဲ့ အခက်အခဲတွေကြား လမ်းမှားလို့ သွားနိုင်တယ်

Music: || A Em G ||

ညစဉ်တိုင်းမှာ သီချင်းတွေရေးတာ ညစဉ်တိုင်းမှာ မင်းကိုလွမ်းလို့ပါ

Ending Music: ||A Em G || Fade out










No comments:

Post a Comment