Saturday, December 28, 2013

ထပ်မပေးနဲ့တော့

ထပ်မပေးနဲ့တော့

ရေး - ရေမွန်
ဆို - ရေမွန်

ငါ့ဘဝတွေအတွက်ပါ နင်ဘယ်လို အနိုင်ယူတာဖြစ်ဖြစ်
ငါ့မျက်ရည်အတွက်ပါ ငါဘယ်လို နိမ့်ကျတာဖြစ်ဖြစ်
အကုန်ခံယူလိုက်တာ ငါတပ်မက်စရာမရှိဘူး
နင်အကြိမ်ကြိမ်ပေးတဲ့ အဆိုးများအပေါ်မှာ

အနိုင်လိုချင်တဲ့အရှုံးတွေ ငါယုံနေတဲ့ အမုန်းတွေ
မတောင့်တပါဘူးကွာ ထပ်မတောင့်တပါဘူးကွာ
ငါငိုနေဖို့စကားများ တာဝန်မယူတဲ့ အမှားများ
ထပ်မပေးနဲ့တော့/မလိုချင်တော့ပါ နေက်ထပ်

မင်းစကားတွေအတွက်ဆို ငါဘယ်လိုမယုံနိုင်စရာ ဖြစ်ဖြစ်
မင်းအမှားတွေအတွက်ဆို ငါဘယ်လို စက်ဆုပ်တာ ဖြစ်ဖြစ်
တကယ်ဆို ငါအကန်းပါ နာကြည်းဖို့အတွက် မမြင်တတ်ဘူး
ကျိန်စာလိုဘဝအတွက် အဆိပ်သင့်ချိန်မှာ

ဘဝတစ်ခုစာ ရင်းပြီးချစ်တာ ငါ့အမှားပါ ငါ့အမှားပါ
ငါ့ဘဝဆို တာ အနင်းချေခံ အမှိုက်တစ်ခုပါ
မင်းအတွက် ငါအသုံးမကျတာ
အကောင်းလုပ်ရင် အဆိုးဖြစ်တာ ဒါနောက်ဆုံးပါ
နင်မမြင်ချင်တဲ့ ငါ့ခန္ဓာထွက်ခွာ

အနိုင်လိုချင်တဲ့ အရှုံးတွေ ငါယုံနေတဲ့ အမုန်းတွေ
မတောင့်တပါဘူးကွာ ထပ်မတေင့်တပါဘူးကွာ
ငါငိုနေဖို့စကားများ တာဝန်မယူတဲ့ အမှားများ
မတောင့်တပါဘူးကွာ ထပ်မတောင့်တပါဘူးကွာ
လေကုန်ရုံမင်းကတိများ လှောင်ရယ်သံနဲ့စကားများ
ထပ်မပေးနဲ့တော့

http://mmlyric.blogspot.com/


No comments:

Post a Comment