Saturday, December 21, 2013

ရာဇဝင်များရဲ့သတို့သမီး

ရာဇဝင်များရဲ့သတို့သမီး

ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

KEY: C
INTRO:(C Gm7 C Gm7)2

C7                         F7
ကွယ်လွန်ပြီးသောအိပ်မက်များ
C7                           F7
ထာဝစဉ်လဲလျောင်းအိပ်စက်ရာ
C7
ဣနြေ္ဒကြီးမားလွန်းတဲ့
F7
ဒီမြေမှာ တို့ရဲ့သွေးတွေ
C7
ဖြတ်သန်းရင်းနဲ့စီးဆင်း
C7
သူဟာရာဇ၀င်များရဲ့
C7                                F7
လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား
ဧရာဝတီ

ရွှေအတိပြီးသောမြို့ပြများ
အစဉ်အလာကြီးမားခဲ့ကြရာ
ရာဇ၀င်ဟောင်းရဲ့အမှတ်တရ
ဒီမြေဟာ တို့ရဲ့အမိမြေ
ယဉ်ကျေးမှုရဲ့နှလုံးသား
ရှင်သန်စေသူတန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ
ဧရာဝတီ
C7
ရာဇ၀င်များရဲ့သတို့သမီး
C7
ငါတို့ရဲ့မိခင် ဧရာဝတီ
C7
ရာဇ၀င်များရဲ့သတို့သမီး
C7
ငါတို့ရဲ့ဝိညာဉ် ဧရာဝတီ
C7
ရာဇ၀င်များရဲ့သတို့သမီး
ဧရာဝတီ

ပိုင်ဆိုင်မှုအတွက် စစ်မက်များ
ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ
ဂန္ဓ၀င်မြောက်တဲ့အချစ်နဲ့
ကာကွယ်သူ တို့ရဲ့ဓါးတွေ
သူရဲကောင်းတို့မွေးဖွား
ဒါဟာငါတို့သမိုင်းရဲ့
တောက်ပခဲ့တဲ့နေ့ရက်များ
ဧရာဝတီ

Solo C7

ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ
ရာဇ၀င်သစ်တို့ မွေးဖွားရာ
ရွှေရောင်နေ့သစ်များအတွက်
ရင်ခုန်သူတို့ရဲ့သီချင်းတွေ
ပျိုမြစ်စိမ်းလန်းရေးအတွက်
ယုံကြည်သူတွေအသက်နဲ့
ထုဆစ်ခဲ့တဲ့အိပ်မက်များ
ဧရာဝတီ

( ရာဇ၀င်များရဲ့ သတို့သမီး
ဧရာဝတီ )

http://mmlyric.blogspot.com/



No comments:

Post a Comment