Sunday, December 15, 2013

စိတ်ပျက်နေတဲ့သူ

ရေး - လွှမ်းပိုင်၊ ဘော်ဘီဆော့ဇာ
ဆို - လွှမ်းပိုင်၊ ဘော်ဘီဆော့ဇာ

(စိတ်ပျက်နေတဲ့သူ)၂
(ငါလုံးဝစိတ်ပျက်နေတဲ့သူရဲ့အကြောင်းကိုပြောမယ်)၂ သူ့ရဲ့ရည်းစားဖြစ်ရတာသိပ်ဆိုးတယ်ဒီမိန်းကလေးကို
ချစ်ရတာသိပ်ဆိုးတယ်(ဒါက Bobby ဒါက Bobby ပြီးမှ Soxer ရဲ့နောက်က EMC လွှမ်းပိုင်)၂ တကယ်ပါ
စောစောစီးစီး မင်းရဲ့အကြောင်းများသိခဲ့ရင်ပိုကောင်းမယ် ငါလည်းမင်းနဲ့ထပ်တူညီတူပါသူဟာမိန်းကလေးလား
ယောက်ျားလေးလား ငါ့အတွက်လူတောင်မှားဖွယ် ငါ့စိတ်ထဲလည်း မင်းလည်းဒီလိုသာတော်ရုံတန်ရုံတွေတောင်
နင်အမြဲအပြစ်တင်ထား လူလယ်ခေါင်မှာဆိုရင်နင်အမြဲရစ်တယ်တအား တော်ပြီ ဒီလိုဆိုရင် မလွယ်တော့ဘူး
မင်းနဲ့ငါခက်တယ် နင်မိန်းကလေးပဲ လှလှပပလေးတော့ဝတ်စားပါ အပိုတွေပြောမနေပါနဲ့ နင်ငါ့ထက်
ဘာမက်မောနေလဲ ငါ့ထက်ချောတဲ့လှတဲ့သူကိုတွေ့ရင် မျက်နှာထားကဘယ်လို Desing
ဘာလဲသူ့စိတ်နဲ့ဘလိုင်းလာနှိုင်းနေတယ် နင်ဟာတော်တော်ကိုလေ မူယာမာယာများတယ်
နင်ဟာတော်တော်ကိုလေ ငါ့ကိုအာရုံဖျက်တယ် တော်ပြီဒီလိုဆိုရင် မလွယ်တော့ဘူး မင်းနဲ့ငါခက်တယ်

ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားစကားများကို နင်နည်းနည်းလျော့ပြောပါဦး
ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားဒီဇိုင်းများကို နင်နည်းနည်းလျော့ဝတ်ပါဦး
နင်ဟာတော်တော်ကိုလေ မူယာမာယာများတယ် နင်ဟာတော်တော်ကိုလေ ငါ့ကိုအာရုံဖျက်တယ်
တော်ပြီဒီလိုဆိုရင် မလွယ်တော့ဘူး မင်းနဲ့ငါခက်တယ်ခက်တယ်

သူ့ရဲ့ပုံစံကတော့ တကယ်အမြဲတမ်းပဲလန်ပျံကာ ပျာယာခတ် ယောက်ျားလေးများအကုန်လုံးကလည်း
လက်ခါလျက် သူ့ကိုရည်းစားအဖြစ်အတူတွဲလို့ကတော့ အသက်ပါထွက် မသက်သာလျက်
သူ့ရဲ့ဂျက်မကွက်တွေနဲ့ ဖက်ရပ်တာတွေကလည်း အကုန်ကြမ်းရမ်းထွက် လူကိုတပန်းပန်း တပတ်ပတ်
အကြမ်းများဖက်သတ်နေတယ် ထင်ရလောက်အောင် ကြင်နာမှုကလည်းပက်စက် နေ့တိုင်းဒီစိတ်အရိုင်းကောင်
က လူကိုခိုင်းကောင် ဘယ်လိုပုံစံမျိုးနဲ့ ငါ ဒီလူရိုင်းကောင်ကို ဗိုင်းကောင်းကျောက်ဖိအောင်လို့ငါနေခိုင်းတောင်
သူ့ဒီဇိုင်းတောင် တဖြည်းဖြည်းနဲ့စိတ်ဓာတ်ကလည်းသန်မာလာတာကလည်း တူတယ်ဝမ်ချိုင်းသယောင်
ဒီကြံတိုင်းအောင်တဲ့ပစ်တိုင်းထောင်တဲ့ အမိကနောက်ဆုံးတတ်ထားတာ မွှေ့ထိုင်းဟေ့ရောင် အက်ရှင်တွေမှ
စိတ်ဝင်စား လူကိုငပိန်ဆိုအပြတ်စော်ကား သူကြိုက်တဲ့မင်းသားဂျက်လီများထင်နေလား လူကိုကပ္ပလီအားမရှိ
လိုတဲ့ ဒီလိုမျိုး ဘက်မညီမျှတဲ့အရာတွေနဲ့ ငါ့ကိုအပြစ်မတင်နဲ့ ကောင်မလေး မင်းရန်မဖြစ်ချင်
ကမ္ဘာမြေကြီးနဲ့က fitting ပဲ အဖြူလားအမဲလားမသဲကွဲပါအသံကလည်း ခမ်ပြဲပြဲကွာ အရပ်လေးကငါးပေ
ယဲ့ယဲ့မှာ လူတိုင်းကိုသူလိုက်ဖဲ့မဲ့အထာ ပြောလိုက်ရင်လူကမဲ့ရွဲ့ကာ အငြင်းသန်တယ် တော်တော်ကဲကဲပါ
နှုတ်ခမ်းထော်ကာသူသွားကျဲ ဟ ရယ်တာလည်းမလှ တကယ်ကိုဘဲမပါ

ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားစကားများကို နင်နည်းနည်းလျော့ပြောပါဦး
ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားဒီဇိုင်းများကို နင်နည်းနည်းလျော့ဝတ်ပါဦး
နင်ဟာတော်တော်ကိုလေ မူယာမာယာများတယ် နင်ဟာတော်တော်ကိုလေ ငါ့ကိုအာရုံဖျက်တယ်
တော်ပြီဒီလိုဆိုရင် မလွယ်တော့ဘူး မင်းနဲ့ငါခက်တယ်ခက်တယ်

စိတ်ကုန်တယ်အရမ်းပါပဲ အသံနဲ့တင်စိတ်ပင်ပန်းပါတယ် စိတ်မချမ်းသာတဲ့အသုံးအနှုန်းများ စီတန်းကာတွေ့ရာ
ပတ်ရမ်းမှာပဲ လမ်းမှာလဲအထာဖမ်းကာ တွေ့သမျှငမ်းတာပဲ ဂလဲအနက်ကိုသူဆင်မြန်းကာ စမ်းတဝါးဝါး
လမ်းမှာဂိုက်ပေး  အကြမ်းစားပဲ ဘိုးဘောင်အစဉ်အဆက် ထိန်းသိမ်းထားတဲ့အရိုးဖောင်ဖွဲ့လို
ခန္ဓာကိုယ်ကိုကြည့်ရဆိုးအောင် ကာလာကကိုးရောင်စပ်  အကျီင်္ိနဲ့ဆံပင်ကလည်းမိုးပေါ်ထိုးထောင်  သူ့ဒီဇိုင်း
လန်ချက်က ဟိုဘက်ကမ်းအထိရောက်နေပြီ ဒလဘက်ကကကျိုးကကြောင် ကိုဖိုးထောင်
မြင်သူတကာစိတ်ပျက်အောင် သူကဒီလိုအကျိုးဆောင် အိပ်ပျက်စားပျက် သူရရည်းစားဖြစ်နေရတဲ့
ဘဝထက် ပိုဆိုးတာမရှိတော့ပါဘူး ငါ့အတွက်ချမှတ်ထာတဲ့  စည်းကမ်းအားလုံးကလည်းပုံသေကားချပ်
အချစ်ကဆေးခါးတစ်ခွက် နင်ကဘယ်တော့ကများထည့်စဉ်းစားဖူးလဲငါ့ဘက် ရစ်ချက်က
နားနှစ်ဖက်ကန်းမတတ် ဆိုးလှတဲ့နင့်အသံကိုအခုရပ် ဒီမျက်နှာကြည့်ပြီးတော့ တရားမှတ်မနေနိုင်တဲ့
အဆုံးမှာ စဉ်းစားလိုက်ပြီ ငါ့အတွက် ဒီတစ်လအတွင်း ရည်းစားအဖြစ်ကမြန်မြန်ပြတ်စဲဖို့က ငါ့ရဲ့ target

ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားစကားများကို နင်နည်းနည်းလျော့ပြောပါဦး
ဟေ့ ဟေ့ ဟေ့ အာရုံငါးပါးနောက်တယ် အူကြောင်ကြားဒီဇိုင်းများကို နင်နည်းနည်းလျော့ဝတ်ပါဦး
နင်ဟာတော်တော်ကိုလေ မူယာမာယာများတယ် နင်ဟာတော်တော်ကိုလေ ငါ့ကိုအာရုံဖျက်တယ်
တော်ပြီဒီလိုဆိုရင် မလွယ်တော့ဘူး မင်းနဲ့ငါခက်တယ်ခက်တယ်



No comments:

Post a Comment