Tuesday, December 31, 2013

ပြန်ဆုံမယ့်နေ့စောင့်ဦးနော်

ရေး - ကေအေတီ
ဆို - အိအိမွန်

ဒီညလေး လွမ်း(တယ်) တွေးမိရင်
မှိုင်တွေခြင်းများ အဆုံးမရှိပြီ
တို့နှစ်ယောက်အိပ်မက် ဆက်မက်ခွင့်ရှိဦးမလား
ပြန်ဆုံမယ့်နေ့ကိုစောင့်ဦးနော်

ကိုယ်တစ်ယောက်တည်းအသက်ရှင် အဝေးမှာ
ကိုယ်တစ်ယောက်တည်း ခရီးနှင် အဝေးကို
စဉ်းစားခဲ့ပြီး ဆုံးဖြတ်ချက်ချပြီးသား
ပြန်ဆုံမယ့်နေ့ကိုစောင့်ဦးနော်

(တစ်ခုမှမေ့မရ စကားသက်သေ
မင်းပေးတဲ့ငါ့အတွက် အင်အားများ
ငါ့နှလုံးသားအား ပေးထားတယ်
မခွဲချင်နဲ့ တို့အချစ်ကိုအလေးထား/အချစ်တို့နင်အလေးထား)

မငိုတော့ဘူးနော် ဝမ်းနည်းစွာ
အရင်လိုဘဝလေး ငေးမောခါ/လို့
မဝေးတဲ့ဒီဘဝ မင်းနဲ့တို့အနာဂတ်အသစ်
(ပြန်ဆုံမာ့်နေ့ကိုစောင့်ဦးနော်)၂
ပြန်ဆုံမယ့်နေ့ကိုမျှော်နေစို့


No comments:

Post a Comment