Tuesday, December 31, 2013

နူးညံ့စွာပြောင်းလဲခြင်း

ရေး - စနို
ဆို - စနို

ပြောင်းလဲခြင်းက သဘာဝ လူသားရဲ့အစ ဟိုးတုန်းက
တဖြည်းဖြည်းနဲ့ ဆင်သက်လို့လာ လူသားမျိုးနွယ်များ
မသေချာပါဘူး ဘာမှမမြဲဘူး
သစ်ရွက်ခြောက်များကြွေကျ နောက်ထပ်ရွက်သစ်တွေပွား
တစ်ရက်ပြီးတစ်ရက် ရင့်သထက်ရင့်လာ ဆင့်ကဲ ဖြစ်စဉ်များ
မသေချာပါဘူး ဘာမှမမြဲဘူး
မေ့မနေနဲ့လေ မမြဲခြင်းအရိပ်ဆိုးတွေ ရွေ့လျားလို့နေမြဲ နူးညံ့စွာ ပြောင်းလဲလို့နေတယ်
ငိုကြွေးခြင်းနဲ့ စတင်ကြ ငိုကြွေးခြင်းနဲ့အဆုံးပြန်သတ်
မပြောင်းလဲတဲ့ပြောင်းလဲခြင်းမှာ တို့ရုန်းမထွက်နိုင်ကြ မသေချာပါဘူး ဘာမှမမြဲဘူး
နှလုံးသားလွတ်ငြိမ်းစေဖို့ နေတဲ့ဏစိတ်ချမ်းသာဖို့

နူးညံ့တဲ့တရားဓမ္မလိုတယ်

No comments:

Post a Comment