Tuesday, December 31, 2013

ဘာညာသီချင်း

ရေး - မောင်မောင်၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း

ဒီနေ့ထက်အထိ ငါလုပ်ခဲ့သမျှ ဘာမှမပြီးသေး
ဘာအလုပ်မှလည်း လက်ကြောမတင်းတော့ ဘာမှမလုပ်ရ
ဘာများဖြစ်နေလဲ ဘာလုပ်ရမလဲဘာမှမလုပ်တတ်ဘူး

ငါ့ခေါင်းထဲလည်း ရွံ့များပြည့်လို့ ဘာမှတွေးမရ
ဘာလုပ်ဖို့လည်း ငါတွေးမရတော့ ဘာမှမမှတ်မိ
ဘာများဖြစ်နေလဲ ဘာမှမသိတော့ဘူး ဘာမှမတွေးတော့ဘူး

အခုတော့သိခဲ့ ငါ့ရဲ့အကြောင်းဟာ လေလုံးထဲမှာပဲ စိတ်ရှိလက်ရှိ
ရရင် အခက်အခဲ တွေ့မှာပဲ လုံးဝမသိတဲ့ စကားလုံးများကို ရေရွတ်မိတော့လည်း]
ဘာမှမသိတဲ့အပြုံးဇာတ်ထဲမှာ အရှုံးအတွက်ဖြစ်နေခဲ့ ငါရင်မှာနာကျဉ်းသွားတာ
ဒါကို အချစ်ဆုံးမသိပါ ပြန်သုံးတဲ့အခါ အရင်ဆုံးမုန်းပါ မင်းနဲ့တွေ့တဲ့ အချိန်မှာ
ငါ့စိတ်ကရူးသွပ်နေတာ အဖြူရောင်ပေါ်ကျခဲ့တဲ့ အမည်းစက်က မင်းနဲ့ငါ
ဘာမှမသိ ဘာမျမရှိ ဘာတွေညာတွေ ငါ့မှာမသိ

ငါသိထားတဲ့ တန်ဖိုးတစ်ခုက ဘာပြန်ပေးမလဲ
ဘာမှမရခဲ့ ဘာမှမပေးခဲ့ ငါဘာကောင်လဲကွာ
ဘာများဖြစ်နေလဲ ဘာဆက်ပေးရမလဲ ဘာမှမရှိတော့ဘူး


No comments:

Post a Comment