Tuesday, December 31, 2013

အိပ်မက်

ရေး - ဝင်းမင်းထွေး၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

မနက်သစ်ကိုရောက်ချိန်မှာ စိတ်သစ်ကိုငါလိုက်ရှာ ပြီးခဲ့တဲ့ ညအချိန်မှာ အိပ်မက်ကို ငါစွန့်
ကာ မိုးလင်းတော့ အစဖြစ်လာ တွေးရင်း ငါရင်မောလာ မင်းရှိတဲ့ အရမ်ဆီသို့ ငါ့စိတ်နဲ့ ခန္ဓာက
မထိန်းချုပ်ဘဲ ရောက်ရောက်လာ ဘယ်လိုငါလုပ်ရမှာလဲ အကြိမ်ကြိမ်ငါကြိုးစားနေဆဲ ဒီ
အဟောင်းများကို စွန့်လွှတ်ဖို့ ငါ့စိတ်တွေကိုအသစ်လုပ်ဖို့ ငါ့ဘဝကိုပြန်စဖို့ ဘယ်လိုငါလုပ်
ရမှာလဲ အကြိမ်ကြိမ်ငါကြိုးသားနေဆဲ

ရင်မှာစူးရှ ဆန္ဒဆူး အတွေးထဲဝဲလည် အမှောင်တိုက်တွေ နွံနစ်နေပြီ
အမြဲတမ်းမှားတဲ့ အနာဂတ်များ ပြင်ခွင့်မရှိတဲ့ ဟိုအတိတ်ဆီ အလိုမတူဘဲ ပျံလေပြီ

ဒါငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ စွဲလမ်းမှုအတွက် ထပ်ခါထပ်မှား အဆိပ်မှန်းသိလျက်
ငါသောက်တယ် သံသရာအဓွန့်ရှည်လေပြီ ဒါ(ဟာ) ငါမဟုတ်ဘူး

ဒါဟာ ငါမဟုတ်ဘူး အတိတ်ရဲ့အရိပ်(အို)(တို့)
ငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ
ဒီအိပ်မက်ဟာ ဘဝတဲ့လား
ငါမဟုတ်ဘူး

မထိန်းချုပ်ဘဲရောက်ရောက်လာ ဘယ်လိုငါလုပ်ရမလဲ အကြိမ်ကြိမ်ငါကြိုးစားနေဆဲ
ဒီအဟောင်းများကို စွန့်လွှတ်ဖို့ ငါ့စိတ်တွေကိုအသစ်လုပ်ဖို့ ငါ့ဘဝကိုပြန်စဖို့ ဘယ်လိုငါလုပ်
ရမှာလဲ အကြိမ်ကြိမ်ငါကြိုးသားနေဆဲ

အိပ်မက်လို ငါဆောက်တည်လို့ မရနိုင်တယ် ငါခံစားနေ နာကျင်နေတာလား


No comments:

Post a Comment